စင်ကာပူမှာ ဗီဒီယို ၂ကား ရိုက်ကူးခဲ့တဲ့ အလင်းရောင်

0
100

MIN_3103MRTV 4 မှာ တနင်္လာမှ သောကြာထိ လတ်တလော ပြသနေ တဲ့ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲ ဟာ ရုပ်သံကြည့် ပရိသတ် ကြား အောင်မြင် မှု ရလျက်ရှိပါတယ်။

ဒီဇာတ်လမ်းတွဲမှာ အလင်းရောင်က မော်ဒယ် တိမ်ခိုင်အဖြစ် ပါဝင်သရုပ်ဆောင် ထားပြီး ဒီဇာတ်လမ်းတွဲ အောင်မြင်တဲ့ အပေါ်မှာ မျှော် မှန်း ထားတာထက် ပရိ သတ် က ပိုကြိုက်တာကြောင့် ပျော်တယ်လို့ ဆိုပါတယ်။

“ဒီဇာတ်လမ်းတွဲမှာ ကျွန်တော် က မာမီကြီးတွေ၊ အိမ်ထောင်ရှိ အမျိုးသမီး တွေနဲ့ အသက် ငယ်ငယ် ကောင်မလေး တွေကို ချူစားတဲ့ ဇာတ်ရုပ် ဆိုတော့ တချို့ ပရိသတ်တွေက မကြိုက်ကြတာ ရှိတယ်။ ကျွန်တော် ကတော့ အနုပညာ တစ်ခုကို လုပ်နေတာလို့ပဲ ကိုယ်ယူဆ တယ်။ အခု ကျွန်တော့်ရဲ့ ဗီလိန်ကို မကြိုက်ဘူးဆို ကတည်းက ကျွန်တော် ကာရိုက်တာ တစ်ခု မြောက်သွား တယ်လို့ပဲ ကျွန်တော်ထင် တယ်။ အမှန်အတိုင်း ပြောရရင် မျှော်မှန်း ထားတာထက် ပရိသတ်တွေကြိုက် ကြလို့ ပျော်ပါတယ်။ စရိုက်ကူးတုန်း ကဆိုရင် ကျွန်တော့် အနေနဲ့ သိပ်ပြီး မမျှော်မှန်းထား ဘူး။ ဒီဇာတ်လမ်းကို နေ့ရော၊ ညရော အပင်ပန်း ခံပြီး ရိုက်ကူးထားရတယ်။ ပြီး တော့ ဒီဇာတ်လမ်းက ကျွန်တော့်ရဲ့ ပထမ ဆုံး ဇာတ်လမ်းတွဲ ဖြစ်သလို ပရိသတ် တွေနဲ့ အဆက်အသွယ် ပြတ်မသွားချင်တာ က တစ်ကြောင်းမို့ လက်ခံ ရိုက်ကူးခဲ့ တာလည်း ပါပါတယ်။ အခုလို အားပေးကြတဲ့ အတွက် ကြည့်ရှု ကြတဲ့ အတွက်လည်း ကျေနပ်မိပါ တယ်။ ဝမ်းလည်း ဝမ်းသာပါတယ်” လို့ ပြောပါတယ်။

အလင်းရောင်က ဇန်နဝါရီလဆန်း လောက်က စင်ကာပူ နိုင်ငံမှာ ဗီဒီယိုဇာတ် ကား ၂ကား သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားတွေ ကတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “သူယောင် မယ်လေးရဲ့ ပုံပြင်” နဲ့ “ခုံပြာတန်းအမှတ်၃” ဇာတ်ကား တို့ကို သရုပ်ဆောင်သစ် ဟန်နီနဲ့ အတူ ၁၄ရက်ကြာ သွားရောက် ရိုက်ကူးခဲ့ တာဖြစ်ပါတယ်။ ပြည်ပမှာ သွား ရောက် ရိုက်ကူးတဲ့ ဇာတ်ကား နဲ့ ပတ်သက်ပြီး အလင်းရောင်က…

“ဇာတ်ကား ကတော့ ပေါ့ပေါ့ ပါးပါး လေးပါပဲ။ နိုင်ငံခြားမှာ ရိုက်ကူးတာ ဆိုတော့ လိုကေးရှင်း အပြောင်းအလဲ ရှိမယ်။ ကျန် တာက တော့ ပုံမှန်ပါပဲ။ ဖန်စီ ဇာတ်ကားလေး ဖြစ်တဲ့အတွက် ကြည့်ရှုမယ့် ပရိသတ် တွေ အတွက်တော့ လိုကေးရှင်း ဆန်းဆန်းလေးနဲ့ အမြင်ဆန်းဆန်းလေး ကြည့်ရမှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here