ထိုင်းနိုင်ငံမှာ ဇာတ်လမ်းတွဲ ရိုက်ကူးမယ့် အေးမြတ်သူ

0
226

Aye Myat Thu

အခုလတ်တလောမှာ လူကြိုက်များနေတဲ့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲမှာ ရဲအုပ်ခက်ခက်ခိုင်အဖြစ် သရုပ်ဆောင်တဲ့ အေးမြတ်သူကို..

” ဇာတ်လမ်းက ပေါက်တယ်ရှင့်။ အောင်မြင်တယ်။ အေးမြတ်သူလည်း အောင်မြင်တဲ့ဇာတ်လမ်း၊ ပရိသတ် ကြိုက်တဲ့ ဇာတ်လမ်းမှာ ပါဝင်ခွင့်ရတဲ့အတွက် လူတွေကလည်း ကိုယ့်ကို သဘောကျကြတယ်။ တွေ့ရင်ကိုယ့်ကို ခက်ခက်ခိုင်ဆိုပြီး သိကြတယ်။ ဇာတ်ကားက ကိုယ်ကောင်းနေတာမဟုတ်ဘူး။ တစ်ကားလုံးက ကောင်းနေတာ၊ သဘောကျကြ တယ်။ အေးမြတ်သူတို့အတွက် ဒီဇာတ်ကားက တအားပင်ပန်းတယ်။ ပင်ပန်းရကျိုးနပ်တယ်။ အချိန်လည်းပေးရတယ်။ အချိန်ပေးရ ကျိုးလည်းနပ်ခဲ့တယ်။ ပရိသတ်က ကြိုက်နေကြတယ်။ ဇာတ်လမ်းကလည်း ပရိသတ်ကို ဆွဲဆောင်မှုရှိနေတယ်။ ဇာတ်လမ်းမှာပါတဲ့ တစ်ယောက်ချင်းစီရဲ့ ကာရိုက်တာ တွေအကုန်လုံးက လိုက်ဖက်မှုရှိတယ်။ ဒီဇာတ်လမ်း တွဲမှာ ဒါရိုက်တာဆိုလည်း လူငယ်အကုန်လုံးက လူ ငယ်တွေချည်းပဲ။ လူငယ်တွေကို ဒီလိုမျိုးရိုက်ကူး ပေး တဲ့အတွက် ပရိုဂျူဆာကိုလည်း ကျေးဇူးတင်တယ်။ ဒါပေမဲ့ ကြော်ငြာများလို့တဲ့။ ကြော်ငြာများတာလေးတော့ သည်းခံပေးပါလို့။ ပြီးတော့ ဇာတ်ကားက ကုန် ကျစရိတ်များတော့ ကြော်ငြာလေးများမှပဲ ပရိုဂျူဆာ လည်း အရင်းကျေမှာလေ” လို့ ရယ်မောစွာ ပြောပြ ခဲ့ပါတယ်။ အေးမြတ်သူက ဇာတ်လမ်းတွဲနဲ့ အကျိုး ပေးတယ်၊ လာဘ်ရှိတယ်လို့ ဆိုရမှာဖြစ်ပြီး ရှေ့မှာ ရိုက်ကူးခဲ့တဲ့ “အချိန်တိုင်း နေရာတိုင်း” နဲ့ “ဝါစိမ်းနီ ကမ္ဘာသိမ်းမည်” ဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ် သဘောကျနှစ်သက်ခဲ့ကြတဲ့အတွက် အားပိုရှိကြောင်း အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူက Multimedia Group နဲ့ ဇန်နဝါရီလ ၂ဝ ရက်နေ့ ထိုင်းနိုင်ငံမှာ ဇာတ်လမ်းတွဲ တစ်ခုသွားရောက် ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ထိုင်းဒါရိုက်တာ၊ ထိုင်းရိုက်ကူးရေးများနဲ့ ရိုက်ကူး သွားမှာဖြစ်ပြီး မင်းရာဇာ၊ ဘုဏ်းသိုက်တို့လည်း ပါဝင်သရုပ်ဆောင်မှာဖြစ်ကာ အဝတ်အစားဖက်ရှင်တွေကို ထိုင်းနိုင်ငံဘက်ကစီစဉ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ ၂ဝ၁၆ခုနှစ်ထဲမှာ အေးမြတ်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရုံတင် နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေလည်း များစွာရရှိခဲ့ပါတယ်။

” ၂ဝ၁၅ ခုနှစ်ကတည်းက ကံကောင်းခဲ့တာ။ ၂ဝ၁၆ ခုနှစ်မှာ ပရိသတ်ရဲ့ မေတ္တာတရားတွေ အများကြီးရတယ်။ အဲဒီလိုပဲ ၂ဝ၁၇ ခုနှစ်မှာလည်း ၂ဝ၁၆ ခုနှစ်လို ပရိသတ် အများကြီးချစ်ပါစေလို့ မျှော်လင့်ပါတယ်” လို့ အေးမြတ်သူက ပြောပါတယ်။ အေးမြတ်သူက ၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီ ဇာတ်ကားစာရင်းမှာ အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ရော ဇာတ်ပို့ဆုနဲ့ပါ အကယ်ဒမီတစ်ကြိုပေးခံထားရသူဖြစ်ပြီး အနုပညာသက်တမ်း ၁ဝ နှစ်တာကာလတစ်လျှောက်မှာ ပရိသတ်က ချစ်တဲ့စိတ်နဲ့မေတ္တာထားပြီး အကယ်ဒမီ မှန်းပေးတာနဲ့တင် ရင်ခုန်ပြီး ကျေနပ်နေပါပြီလို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here