နိုင်းနိုင်း တို့ မိသားစုရဲ့ ငပလီကမ်းခြေ အပန်းဖြေခရီး

0
155

99သရုပ်ဆောင် နိုင်းနိုင်းတို့ မိသားစုက ဇန်န ဝါရီလ ၈ ရက်နေ့ မနက် ၆ နာရီခွဲက Myanmar National Airlines လေကြောင်းလိုင်း နဲ့ ငပလီကမ်း ခြေကို ၃ ရက်ကြာ မိသားစု အပန်းဖြေခရီး သွားရောက် ခဲ့ကြပါတယ်။ နိုင်းနိုင်းရဲ့ မိသားစုက ဒီဇင်ဘာလ  ၂၈ ရက်နေ့ မှာ မြန်မာနိုင်ငံကို ရောက်ရှိ ခဲ့တာဖြစ်ပြီး ကလေးတွေ ခရစ္စမတ်နဲ့ နယူးရီးယား ကျောင်းပိတ်ရက် ဖြစ်တာကြောင့်ရယ်၊ စန္ဒီချိုရဲ့ ညီမဖြစ် သူ Saman-tha Cho  ရဲ့ မင်္ဂလာဆောင်ရှိတဲ့အတွက် မြန်မာ နိုင်ငံကို ၂ ပတ်ကြာ ပြန်လာခဲ့ခြင်း ပဲဖြစ်ပါ တယ်။ နိုင်းနိုင်း က နှစ်သစ် မှာ မိသားစု နဲ့အတူ ဖြတ် သန်းခဲ့သလို ဘားအံ ကိုလည်း အပန်းဖြေခရီး သွား ခဲ့ကြပြီး ငပလီ ကမ်းခြေပြီးရင် ကျိုက်ထီးရိုး နဲ့ ပြင်ဦး လွင်မြို့ တို့ကိုလည်း သွားရောက် လည်ပတ်ဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

“ကျွန်တော့် အမျိုးသမီးလည်း မြန်မာနိုင်ငံကို ပြန်မလာဖြစ်တာ ၃ နှစ်လောက် ရှိပြီဆိုတော့ မိသားစုတွေ အတူ ခရီးတွေလျှောက် သွား ဖြစ် နေတာပါ။ အချိန်ရရင် ရသလို ခရီးတွေ ဆက်သွားဦးမှာပါ။ ကျွန်တော်တို့ မိသား စုကို အားပေး ချစ်ခင်တဲ့ ပရိသတ်တွေ အားလုံး ကို  လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ပါတယ်” လို့ နိုင်းနိုင်း ကပြောပါတယ်။ နိုင်းနိုင်း တို့မိသားစုနဲ့အတူ နိုင်းနိုင်း ရဲ့ မိခင်နဲ့ ညီမဖြစ် သူ ဖူးဖူး တို့ကလည်း မိသားစု အပန်းဖြေ ခရီးကို လိုက်ပါ သွားခဲ့ပါတယ်။ ကလေး တွေ နဲ့မတွေ့ ရတာ ၃ နှစ်ရှိပြီမို့ ဝမ်းသာ ပီတိဖြစ်နေ တဲ့ ဖူးဖူး  ကလည်း..

“သူတို့တွေ နဲ့မတွေ့တာ ၃ နှစ် လောက်ရှိသွား ပြီ။ အခုတွေ့ရတော့ တအား ဝမ်းသာတာပေါ့။ သူတို့နဲ့ နေခဲ့တဲ့ ၂ နှစ် အတွင်းမှာ သွားရောက်ခဲ့တဲ့ နေရာတွေကို တအား သတိရတယ်။ ဖူးဖူးကတော့ သမီးကြီးလေး နဲ့ တူလေးကိုပဲ ထိန်းဖြစ်တယ်။ အငယ်ဆုံးလေး ကိုတော့ အခုမှတွေ့ ဖူးတာပါ။ သူတို့နဲ့တွေ့ရင် ကိုယ့်ကို ကပ်ပါ့မလားပဲ စိတ်ပူ နေတာ” လို့ ဖူးဖူးက ပြောပါတယ်။ နိုင်းနိုင်း တို့ မိသားစု ရဲ့ ငပလီကမ်းခြေက ကြည်နူး ပျော်ရွှင်စရာ ဓာတ်ပုံလေးများကို ပေါ်ပြူလာ ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here