သြစတြေးလျမှာ မင်းသားအဖြစ် ကပြမယ့် အကယ်ဒမီ စိုးမြတ်သူဇာ

0
294

Soe-Myat-Thuzar-(1)လတ်တလောမှာ စိုးမြတ်သူဇာက ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ “သမက်တော် ကွက်ကျော်” ရုပ်ရှင်ဇာတ်ကားကြီးကို ရဲအောင်၊ ခန့်စည်သူ၊ သူရိယ၊ ဝေလျံ၊ ဒိန်းဒေါင်၊ သွန်းဆက်၊ နန်းခင်ဇေယျာ၊ စိုးနန္ဒာ ကျော် တို့နဲ့အတူ ပါဝင်ရိုက်ကူးနေကြောင်း သိရပါတယ်။ မကြာသေး ခင် ကလည်း ကျော်ဟိန်း ရိုက်ကူးခဲ့တဲ့ “ပရိုဂျူဆာ နီတိုး” ရုပ်ရှင်ဇာတ် ကားကြီးကို “ပရိုဂျူဆာမကြီးစိုး” နာမည်နဲ့ စိုးမြတ်သူဇာ က ပြန်လည် ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကား ပြန်လည် ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး စိုးမြတ်သူဇာက..

“ငယ်ငယ်တုန်း ကတည်းက ကြည့်တယ်။ ဇာတ်ကား ကောင်းတယ်။ စဉ်း စားမိတာတော့ ကြာပြီ။ ပရိုဂျူဆာ နီတိုး ဆိုပြီး ခေါင်းထဲမှာ အမြဲတမ်း ရှိတယ်။ ပရိုဂျူဆာနီတိုး ဆိုတော့ ကိုယ်လည်း ပရိုဂျူဆာ မကြီးစိုး လုပ်လို့ရတယ်ပေါ့။ အဲဒီလို တွေးရင်း ရိုက် ကူးဖြစ် သွားတယ်။ မကြီးက ရုပ်ရှင် လောက ကို ပြက်ရယ် ပြုတာတို့၊ သရော်တာတွေ မလုပ်ချင်ဘူး” လို့ ပြောပါတယ်။

မင်းသားကြီး ကျော်ဟိန်း ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို သဘောကျတယ် ဆိုတဲ့ စိုးမြတ်သူဇာက ပြန်လည်ရိုက် ကူးတဲ့အခါ မှာလည်း စိုး ရိမ်စိတ်တော့ မရှိကြောင်း ပြောပါတယ်။ “အဲ ဒီလိုတော့ မစိုးရိမ်ပါ ဘူး။ ဦးကျော်ဇာတ် ကားတွေက တအား ကောင်းတယ်။ အသက် ကျ တော့ ကြီးလာ ပြီ။ ဒီအလုပ်ကို ဆက်လုပ် ဦးမယ် ဆိုရင် ဒီအတိုင်း ကြီးသွားနေတာ ထက်စာရင် အဲဒီလို မျိုးလေးတွေ ရိုက်ကူး သွားမယ် လို့ စဉ်းစား တဲ့အခါ မြင်ဆရာ ဦး ကျော် လျှောက်သွား တဲ့ လမ်းက မကြီးတို့ အဆင်သင့် လျှောက် ရုံပဲ။ သူလျှောက်ခဲ့တဲ့ လမ်းတွေ သဘောကျတယ်” လို့ ပြောပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ အကောင်းဆုံးကြိုး စားသွားမယ် ဆိုတဲ့ စိုးမြတ် သူဇာက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ခိုင်သင်းကြည်၊ အရိုင်းတို့အဖွဲ့ နဲ့အတူ သြ စတြေးလျ နိုင်ငံက ပရဟိ တပွဲ တစ်ပွဲမှာ မင်းသား အ ဖြစ် ကပြသွား မှာဖြစ် ကြောင်း သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here