အမြွှာ သမီးလေးတွေကို မေမြန်မာခေတ် နဲ့ မေမြန်မာသစ် လို့ နာမည်ပေးထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

0
308

LinLinလင်းလင်းနဲ့ ချစ်သုဝေ တို့ရဲ့ အမြွှာသမီးလေးတွေ စိတ်ချစွာ မွေးဖွားနိုင်ဖို့ အတွက် မမွေးခင် ၉ ရက် အလို ဇန်နဝါရီလ ၁ဝ ရက်နေ့ ကတည်း က ချစ်သုဝေက ပန်းလှိုင် ဆေးရုံမှာ ကြိုတင် အနားယူပြီး မွေးဖွားဖို့ အတွက် စောင့်ဆိုင်းနေပါတယ်။ အမြွှာ သမီးလေးတွေကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မွေးဖွားဖို့ စိတ်ကူးထားပြီး ကြာသပတေး သမီးလေးတွေဖြစ်တဲ့ အတွက် မေမြန်မာ ခေတ်နဲ့ မေမြန်မာသစ် လို့ နာမည်ပေးထားကြောင်း သိရပါတယ်။ သမီးလေးတွေ မွေးဖွားဖို့ အားလုံးကို ကြိုတင် ပြင်ဆင်ထားတဲ့ ချစ်သုဝေက..

“မွေးဖို့ လျာထားတာ ကတော့ ဇန်နဝါရီလ ၁၇ ရက်နဲ့ ၂၅ ရက်ကြားပေါ့။ လောလောဆယ်တော့ ဇန်နဝါရီလ ၁၉ ရက်မွေးမယ်လို့  စိတ်ကူးထားတယ်။ ဒါပေမဲ့ ကလေးတွေ ဆိုတော့လည်း သူတို့လာချင်တဲ့ နေ့ လာမှာပေါ့။ အဲဒီအတွက် အဆင်သင့်ဖြစ်အောင် လုပ်ရတာပေါ့။ အခု အားလုံးကို ကြိုတင်ပြင်ဆင်ထားပါ တယ်” လို့ ပြောပါတယ်။ အမြွှာသမီးလေးတွေ မွေးဖွား ဖို့အတွက် စောင့် ဆိုင်းနေ တဲ့ အချိန်အတွင်းမှာပဲ လင်းလင်းနဲ့ ချစ်သုဝေ တို့က ဗိုက်ထဲက သမီးလေးတွေ နားဆင်ဖို့ ဂစ်တာတီး၊ သီချင်း ဆိုပြသလို သူတို့နဲ့ စကားတွေ လည်း ပြောဖြစ်ပြီး အချိန်တွေကို တန်ဖိုးရှိစွာနဲ့ ဖြတ်သန်းရင်း စောင့်ဆိုင်း ဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ၊ သူငယ်ချင်း မိတ်ဆွေတွေ ကလည်း သူတို့ရဲ့ အမြွှာသမီးလေးတွေ အဆင်ပြေ ချောမောစွာ မွေးဖွား ဖို့အတွက် ဆုမွန်ကောင်းတွေ လည်း တောင်းပေးနေကြ ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here