ပရိသတ်မှန်းထားတဲ့အဆိုတော်တွေရရှိခဲ့တဲ့ City FM ၁၅နှစ်ပြည့် ဂီတဆုပေးပွဲ

0
169

City Fm

ဂီတအနုပညာရှင်များ ရင်ခုန် စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားရတဲ့ City FM ၁၅နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည် ဂီတဆုပေးပွဲကို ဇန်နဝါရီလ ၇ရက်နေ့ ညနေ ၆နာရီက MCC ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ၂ဝ၁၆ ခုနှစ်အတွက် ကြော်ငြာအများဆုံးထည့်သွင်းသော အေဂျင်စီဆု FM Studio၊ ကြော်ငြာအများဆုံး ထည့်သွင်းသော လုပ်ငန်းရှင်ဆု MPT ၊ ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး သီဆိုသူ အမျိုးသမီးတေးသံရှင်ဆု ဝင်းလဲ့ချယ်ရီ၊ ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး သီဆိုသူ အမျိုးသား တေးသံရှင်ဆုသန်းဖေလေး ၊ ရောင်းအားအကောင်းဆုံး မြန်မာသံတေး စီးရီးထုတ်လုပ်သူဆု နုနုရည် ထုတ်လုပ်ရေး၊ ရောင်းအား အကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူအမျိုး သမီးတေးသံရှင်ဆု “မိစန္ဒီ”၊ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူ အမျိုး သားတေးသံရှင်ဆု “ရွှေထူး” ၊ ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီး ထုတ်လုပ်သူဆု “ပြုံး”တေးထုတ်လုပ်ရေး၊ ရေပန်းအစားဆုံး တေးသီချင်းအတောင်းဆိုမှု အများဆုံးအမျိုးသမီးတေးသံရှင်ဆု “နီနီခင်ဇော်” ၊ ရေပန်းအစားဆုံး တေးသီချင်းတောင်းဆိုမှုအများဆုံး တေးသံရှင်ဆု “ဝေလ” တို့က ဆုများအသီးသီးရရှိခဲ့ပြီး နာ မည်ကျော် အဆိုတော်များကလည်း တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ဆုရရှိခဲ့သူ တစ်ဦးဖြစ်တဲ့ မိစန္ဒီက…

” ပစ်တိုင်းထောင်” Album လေး နဲ့ ၂ဝ၁၆ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး အမျိုးသမီး စတီရီယို Album ဆုရတဲ့ အတွက် တအားကို ဝမ်းသာမိပါတယ်။ ဒါဟာ ပရိသတ် ကြီးကြောင့်ရတဲ့ဆုပါ။ ပရိသတ်ကြီးကို တအားကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတာထက် ပိုလေးနက်ပိုကြီး မြတ်တဲ့စကားရှိရင် ပြောချင်ပါတယ်။ ပရိသတ် အားလုံးအတွက် မိစန္ဒီ ဒီ့ထက်ပိုပြီးကြိုးစားပါမယ် ။ အားနည်းချက်တွေ အများကြီးရှိပေမယ့် ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြီးကို ထပ်ပြီး ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြောပါတယ်။

P-060
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here