ပရိသတ်တွေကို အသိပေးသင့်တဲ့ အချိန်ရောက်ရင် အသိပေး သွားမှာပါ ဝိုင်းစုခိုင်သိန်း

0
152

WineSu-1ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားတဲ့ ဝိုင်းစုခိုင်သိန်းက အခု လတ်တလော ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ သူ့ရဲ့ နောက်ထပ် အချစ်ရေး နဲ့ပတ်သက်ပြီး ဝေဖန် ထားမှုအ ပေါ်မှာ ဘာမှမဖြေရှင်း လိုဘဲ ပရိသတ်တွေကို အသိပေး သင့်တဲ့ အချိန် ရောက်ရင် အသိ ပေး သွား မှာ ဖြစ်ကြောင်း ပြောပါတယ်။

“အိမ်ထောင် ရေး နဲ့ ပတ်သက် ပြီးတော့ ထွေ ထွေထူးထူး ပြော ပြစရာ မရှိပါဘူး။ အခု ဝိုင်းစု အိမ် ထောင်ကွဲထားတယ် ဆိုတာ ပရိ သတ်တွေ အား လုံးကို ကြေညာ ထားပြီးသား၊ ပွင့်ပွင့်လင်းလင်း ပြောပြထားပြီး သားပါ။ ဝိုင်းစု ဘယ်တော့ မှလည်း လျှို့ဝှက်ပြီးနေတာ မဟုတ်ဘူး။ ဘယ်တော့မှလည်း ခိုးကြောင် ခိုးဝှက် လုပ်နေတာလည်း မဟုတ်ဘူး။ လူတွေ ပြောနေကြတယ် ဝိုင်းစုက ဘယ်လို ဆိုပြီး ဝေဖန်နေကြတယ်။ ဝေဖန်တဲ့ လူတွေကတော့ ဝေဖန်မှာပဲ။ ဘယ်သူမှ အိမ်ထောင်ပျက် မဖြစ် ချင်ဘူး။ အိမ်ထောင်ကွဲ မဖြစ် ချင်ဘူး။ ဝိုင်းစုလည်း မဖြစ်ချင်ဘူး။ ဘယ်သူမှ နာမည်မပျက် ချင်ဘူး။ ဝိုင်းစုလည်း မပျက်ချင်ဘူး။ ကိုယ့်ဘာသာကိုယ် အဆင်မပြေတဲ့ အပိုင်းလေးတွေ၊ ညှိလို့မရတဲ့ အပိုင်းလေးတွေ ရှိလို့  ဝိုင်းစုတို့ ဒီလို ကွဲခဲ့ကြတယ်။ ဒါပေမဲ့ ဝိုင်းစုနဲ့ သူနဲ့က တစ်ယောက် နဲ့ တစ်ယောက် ရန်ငြိုးတွေလည်း မရှိဘူး။ အမုန်းတွေ၊ အာဃာတ တွေမရှိဘူး။ လူတွေထင်နေတဲ့ အကြောင်း အရာကြောင့် ကွဲတာ လည်း မဟုတ်ဘူး။ ဝိုင်းစုက အခု လူလွတ် တစ်ယောက်ဖြစ်တယ်။ အချစ်ရေး ကျတော့ ဝိုင်းစု Personal  ဖြစ်သွားပြီ။ သူတို့ ကောလာ ဟလ ပြောနေကြ သလို မျိုးတော့ လုံးဝ မဟုတ်ဘူး။ ဝိုင်းစုက လူလွတ်တစ် ယောက်ဖြစ်တဲ့ အတွက် လွတ်လပ်ခွင့် ရှိတယ်။ ဝေဖန် ပြောနေကြတဲ့ အပေါ် မှာတော့ မဖြေရှင်းတော့ပါ ဘူး။ အချစ်ရေး ကတော့ အချိန်တန်ရင် အသိပေးသင့်တဲ့ အချိန် ရောက်ရင် အသိပေးမှာပါ။ ဘယ်သူမှ ဒီနေ့နဲ့ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာ မသိနိုင်ဘူးလေ။ ဟုတ်ပါတယ်၊ ကျိန်းသေပါတယ် လို့လည်း မပြော ချင်ဘူး။ ဝေဖန်တဲ့ လူတွေ ကတော့ ဝေဖန်နေမှာပဲ။ ဝိုင်းစုမှ မဟုတ်ဘူး ကောလာဟလ ထွက်လာသမျှ အနုပညာရှင် တွေကိုလည်း ဝေဖန် နေတာဆိုတော့ အဲဒီအတွက် ထွေထွေထူးထူး ပြောနေလည်း မထူး ပါဘူး” လို့ ဝိုင်းစုခိုင်သိန်း က ပြော ပါတယ်။

အခုလောလောဆယ် မှာတော့ အိမ်ထောင် ထပ်ပြုဖို့ အတွက် မစဉ်းစား ထားသေးကြောင်းလည်း ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။  ဝိုင်းစုခိုင်သိန်း က ဖေဖော်ဝါရီလမှာ One Lady Show  လုပ်ဖို့ စဉ်းစား ထားပေမယ့် တခြား ရှိုးပွဲတွေနဲ့ တိုက်နေ တာကြောင့် ရက်ရွှေ့ ထားကြောင်း ပြောပါတယ်။

“ရှိုးပွဲက ဖေဖော်ဝါရီလမှာ လုပ်မယ်လို့ လုပ် ထားတာ ဝိုင်းစုနဲ့ ကိုလင်းလင်းနဲ့ တစ်ရက်တည်း ဖြစ်နေတယ်။ အဲဒါနဲ့ မလုပ်ဖြစ်တော့ဘူး။ မိုး ကုန်ပြီး ပွင့်လင်းရာသီ လောက် ကျရင် ပြန်လုပ် ဖို့ စဉ်းစားထားတယ်။ ဝိုင်းစုရဲ့ ပထမဆုံး One Lady Show ပွဲကို ၃ လပိုင်းမှာ လုပ်တုန်း က တက္ကသိုလ် စာမေးပွဲတွေရှိတယ်။ ဝိုင်းစု ပရိသတ် တွေက အဲဒီအရွယ် ပရိသတ်တွေ များတယ်။ ၄ လပိုင်းလည်း စိုင်းစိုင်း ရှိုးရှိတော့ ရှောင်လိုက်တာ။ ပွင့်လင်းရာသီ အတွက်ပဲ ပြင်ဆင်ဖို့ ရှိပါတယ်” လို့ပြောပါတယ်။

One Lady Show မလုပ် ခင်မှာ Mini Album ထွက်ရှိနိုင်ဖို့ စီစဉ်မှာဖြစ်ပြီး သူဆိုနေကျ မဟုတ်တဲ့ ပုံစံတွေနဲ့ ပရိသတ်တွေကို ချပြချင်တဲ့ ပုံစံလေးတွေ ကို ထည့်သွင်း သွားဖို့ အစီ အစဉ်ရှိပြီး ၂ဝ၁၇ ခုနှစ်ထဲမှာပဲ ထွက်ရှိနိုင်ဖို့ ကြိုး စားမှာဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here