ခိုင်သင်းကြည်တို့ Tri Plus စက်ရုံ ဆုရရှိ

0
223

Khing Thein Kyi

သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်တို့ တည်ထောင်ထားတဲ့ KTK Garment စက်ရုံက မကြာခင်က Winner of the 2016 Smart Social Compliance Academy Improvement Award ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုရရှိခဲ့ခြင်းနဲ့ ပတ်သက်ပြီး ခိုင်သင်းကြည်က…

” အစ်မတို့ Tri Plus ဆိုတဲ့ ကိုယ်ပိုင် Brand လေးလုပ်ခဲ့တာတော့ သုံး၊ လေးနှစ်ရှိပြီ။ ဒါပေမဲ့ ကိုယ်ပိုင်စက်ရုံနဲ့ ကိုယ်တိုင်ချုပ်ပြီးလုပ်တာ တစ်နှစ်ပဲရှိသေးတယ်။ အရင်တုန်းက လုပ်ငန်းကသေးတဲ့အခါကျတော့ အိမ်ငှားပြီးတော့ပဲ ချုပ်တယ်။ အခုမှ စက်ရုံက စပြီးတည်တာဆိုတော့ အဲဒီအထဲမှာ အရင်းအနှီးတွေလည်း အများကြီး ဝင်တယ်။ အမြတ်ဆိုတာကလည်း ဝန်ထမ်းအယောက် ၂ဝဝ လောက် ရှိတဲ့ အလုပ်သမားတွေကို ရှင်းဖို့အရင် စဉ်းစားရတယ်။ သူတို့ အဆင်ပြေအောင် ပိုပြီးစဉ်းစားရတယ်။ ဘယ်လုပ်ငန်းမဆို တစ်နှစ်နဲ့ မမြတ်ဘူး။ ဒါပေမဲ့ လည်း အလုပ်သမားတွေကို အတတ်နိုင်ဆုံး အဆင်ပြေဆုံး ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ သူ့စည်းကမ်းတွေ ရှိတဲ့အတိုင်း အစ်မတို့ လိုက်လုပ်တယ်။ သန့်ရှင်းရေး ပိုင်းရော၊ အလုပ်သမားတွေဘက်က ခံစားခွင့်၊ လိုအပ်ချက်တွေ အကုန် လုံးဖြည့်ဆည်း ပေးတယ်။ အဲဒီ အတွက်ကြောင့် ဆုရသွားတာပါ” လို့ ပြောပါတယ်။ ခိုင်သင်း ကြည် က ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ စိုးမြတ်သူဇာ၊ အရိုင်း တို့ အဖွဲ့နဲ့အတူ သြစတြေးလျ နိုင်ငံက ပရဟိတအတွက် အငြိမ့် ကပြဖို့ရှိပြီး မတ်လမှာလည်း ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးပုံဖော်မယ့် ” ယောက်ျား
ဆို..လာထား”ဟာသရုပ်ရှင်ဇာတ်ကားကြီးကို ခန့်စည်သူ၊ ရာဇာနေဝင်း၊ ကျော်ကျော်ဗို၊ နေရဲ၊ ဗေလုဝ၊ စိုးမြတ်သူဇာ၊ တက္ကသိုလ် ဂွမ်းပုံတို့နဲ့အတူ ပါဝင်သရုပ်ဆောင် မှာဖြစ်ကြောင်းသိရပါတယ်။

တွယ်တာ၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here