အိမ်ထောင်နှစ်အစုရဲ့အကြောင်းကို ရိုက်ကူးပြသသွားမယ့် ရုပ်ရှင်ဇာတ်ကား

0
157

TTTTTTTTTTTT

ရွှေပင်ဆင့် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ ရာဇဝင်ကို ပုံဖော်ရိုက်ကူးမယ့် “သမက်တော်..ကွက်ကျော်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ဇာတ်ကား ကန်တော့ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁ဝ ရက်နေ့၊ မနက် ၁ဝ နာရီအချိန်က M3 စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားမှာ ရဲအောင်၊ ခန့်စည်သူ၊ သူရိယ၊ ဝေလျံ၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ သွန်းဆက်၊ နန်းခင် ဇေယျာ၊ စိုးနန္ဒာကျော်၊ ပွင့်၊ မျိုးမျိုး ခိုင်နဲ့ ဟာသသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်းသိရပါတယ်။ ဒီဇာတ်ကားက ရွှေပင်ဆင့်ထုတ်လုပ်ရေးရဲ့ ပထမ ဦးဆုံးပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်ကြောင်း စီစဉ်သူ မသင်းက

” အန်တီက ဟာသဇာတ်ကားလေးတွေကို ကြည့်တဲ့သူ ပျော်ပျော်ရွှင်ရွှင်နဲ့ အကုန်လုံး စိတ်ပင်ပန်းတာတွေ ပြေပြီး သောကကင်းစင်ပြီး ကြည့်စေချင်တဲ့စိတ်နဲ့ ဒီဟာသ ဇာတ်ကားကို ရိုက်ကူးဖြစ်သွားတာ။ နောက်ပိုင်းမှာလည်း ရသအစုံ ရိုက် ကူးသွားမယ်။ ဖိုက်တင်၊ စစ်ကားတွေ လည်း ရိုက်ဖြစ်မှာပါ” လို့ ပြောပါတယ်။ ဇာတ်လမ်းက ဟာသဇာတ်ကားဖြစ်ပေမယ့် မပေါအောင် ရိုက်ကူးသွားမှာဖြစ်ကြောင်းကို ဒါရိုက်တာ ရာဇဝင်ကိုက.. ” ဟာသဇာတ်ကားလေးပါ။ ကျွန်တော် ရိုက်ကူးခဲ့သမျှ ဇာတ် ကားတိုင်းတော့မပေါအောင် ဂရုစိုက်ရိုက်ကူးဖြစ်တယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်လမ်းက အိမ်ထောင်စု ၂ စုအကြောင်းလေးပါ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here