တင်မောင်ဆန်းမင်းဝင်း၊ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း တို့၏ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်မည်

0
72

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ရန်ပုံငွေ ရှာဖွေရေးကော်မတီက စီစဉ်ကျင်းပမယ့် ရန်ပုံငွေရှာဖွေရေးပွဲတော်ကို ဖေဖော်ဝါရီလထဲမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒီပွဲတော်ကိုတော့ သဘင်သက်ကြီးပူဇော်ပွဲ ရန်ပုံငွေအတွက်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒီပွဲမှာတော့ ရွှေမန်းသဘင် (တင်မောင်ဆန်းမင်းဝင်း) FC ၊ ဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင် FC ၊ စံပြသဘင် (ဟန်ဇာမိုးဝင်း) FC ၊ စွမ်းသဘင် FC ဘောလုံးအသင်းတို့က အောင်ဆန်းကွင်းမှာ ၄ သင်း ပတ်လည်ကစားသွားကြမှာ ဖြစ်ပါတယ်။ ပွဲကိုတော့ ၂ ရက်ဆက်တိုက် ပြုလုပ်သွားမှာဖြစ်ပြီး တစ်ရက်ကို ၂ ပွဲကစားကြမှာဖြစ်ပြီး နှစ်ရက်စလုံး ပွဲစဉ်များအတွက်လက်မှတ်များကို တော့ သက်ဆိုင်ရာဇာတ်အဖွဲ့များထံမှာ ဝယ်ယူလို့ရနိုင်မှာဖြစ်ကာ ဘောလုံးကွင်းမှာလည်း ဝယ်ယူလို့ ရရှိနိုင်မယ်လို့ သိရပါတယ်။ ဒီပွဲမှာေ တာ့ သဘင်အနုပညာရှင်များအပြင် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များကလည်း ပါဝင်ဖျော်ဖြေကြ မှာဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here