ထာဝရအမေ ရုပ်ရှင်မှာ ပါဝင်တဲ့ အနုပညာရှင်များ Post Recording သွင်း

0
138

Nay Toe 1

ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးတဲ့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာမှာ ပြသသွားမှာဖြစ်ပြီး အသံစနစ် ကောင်းမွန်စေဖို့အတွက် ပါဝင်သရုပ်ဆောင်ကြတဲ့ အနုပညာရှင်တွေနဲ့အတူ Post Recording ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

သရုပ်ဆောင်များနဲ့ အသံသွင်းနေမှုနဲ့ ပတ်သက်ပြီး ဒါရိုက်တာ စင်ရော် မောင်မောင်က..

” ဦးမောင်တို့က International Movie အဖြစ် ဒီဇာတ်ကားကို ရိုက်ကူးတာ။ လိုင်း ၁ဝဝ ကျော်သွင်းရမှာလေ။ Sound Effect တွေချည်းက လိုင်း၂ဝ၊ လိုင်း ၃ဝ၊ အသံတွေ ချည်းပဲ။ တစ်ယောက်စီကို ၄ လိုင်း၊ ၅ လိုင်း၊ Music က လိုင်း၂ဝ။ အားလုံး ပေါင်းလိုက်ရင်လိုင်း ၁၂ဝ လောက်ရှိတယ်။ အသံမကောင်းတာ တွေကို အခုကတည်းကသန့်ပြီးတော့ အရုပ်နဲ့ ပါးစပ်ပေါက်နဲ့ ကပ်အောင် ကပ်နေတယ်။ အဲဒီမု(ဒ်)အတိုင်း ရအောင် ပြန်သွင်းရမယ်။ မြန်မာပြည်မှာလည်း ရိုက်ကူးရင် အခက်အခဲရှိတယ်။ နယ်မှာဆိုလည်း ဘေးကစကားပြောတာရှိတယ်။ လာကြည့်တဲ့လူတွေ အော်တာရှိမယ်။ မရိုက်ကူးလို့ မရဘူး။ ရပ်ထားလို့ လည်း မရဘူး။ နိုင်ငံခြားမှာတော့ အဆင့်ဆင့်ဖြတ်ပြီးမှ ရိုက်ကွင်းကို ရောက်တာ အကုန်ပိတ် ထားတာလေ။ ရိုက်ကွင်းမှာဆိုလည်း တံခါးတွေအားလုံး ပိတ်ထားတယ်။ စကားပြော သံမရှိဘူး။ ဒါရိုက်တာ အသံနဲ့ သရုပ်ဆောင်အသံကလွဲရင် အပ်ကျတာတောင် မကြားရဘူး။ မြန်မာပြည်မှာတော့ ဆူညံနေတာပဲ။ သရုပ်ဆောင် တွေကလည်း စကားပြော၊ စက်အဖွဲ့ ကလည်း စကားပြော၊ လာကြည့်တဲ့သူတွေကလည်း စကား ပြော၊ ရိုက်ပြီငြိမ်ဆိုရင်တော့ ခဏတော့ ငြိမ်တာပေါ့။ သရုပ်ဆောင်တွေက အိုက်တင်ကို ကိုယ့်ခံစားချက်နဲ့ ကိုယ်လုပ်နေတော့ ပြန်ရိုက်ကူးဖို့လည်း ခက်တယ်လေ။ အဲဒီတော့ အသံပြန်သွင်းရတာပေါ့” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here