အနုပညာအလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားပါတယ် အောင်လ

0
108

aaaa

အဆိုတော် အောင်လက သူ့ရဲ့ Single Song အဖြစ်ထွက်ရှိခဲ့တဲ့ The Woman I Love သီချင်းကို MTV အဖြစ် ရိုက်ကူးပုံဖော်ပြီးသွား ပြီဖြစ်ပါတယ်။ ဒီသီချင်း MTV ရိုက်ကူးမှုကို တစ်လကျော်ကြာအချိန်ပေးရိုက်ကူးခဲ့တာကြောင့် အခုလို အချိန်ပေးရိုက်ကူးဖြစ်ပုံကို အောင်လက..

” ကျွန်တော့်အနေနဲ့ နောက်စီးရီးခွေကျရင်လည်း သီချင်းပုဒ်ရေအပြည့် MTV မရိုက်ကူးတော့ဘူး။ သီချင်းတစ်ပုဒ်ကို MTV ရိုက်ကူးရင်လည်း သေချာပဲအချိန်ယူရိုက်ကူး တော့မယ်။ ဒါကြောင့် အကုန်လုံးကိုအားစိုက်ရမယ့်အစား တစ်ပုဒ်၊ နှစ် ပုဒ်ကိုပဲ သေချာလေးအားစိုက်ပြီး ရိုက်ကူးတော့မယ်။ အခု ဒီသီချင်းကိုလည်း အဲဒီလိုပဲ စီစဉ်ပြီး သေချာ အချိန်ယူရိုက်ကူးဖြစ်တာပါ” လို့ အောင်လက ပြောပါတယ်။ အောင်လရဲ့ The Woman I Love သီချင်း MTV ကိုတော့ ရန်ကုန်မြို့ အပြင် မေမြို့၊ ပေါင်းလောင်းမြို့စတဲ့ မြို့များမှာ ရိုက်ကူးထားတယ်လို့ သိရပြီး သူတို့တီးဝိုင်းနဲ့အတူ ဝိုင်းစုခိုင်သိန်းက ပါဝင်သရုပ်ဆောင် ပေးထားကြောင်းသိရပါတယ်။ ဒီသီချင်းရဲ့ MTV ကို ရုပ်သံချန်နယ် တစ်ခုခုက ထုတ်လွှင့် ပြသသွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ လတ်တလောမှာတော့ အောင်လရဲ့ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်များရဲ့ စိတ်ဝင်စားမှုနှုန်း မြင့်တက်နေပါတယ်။ အောင်လ ကတော့ သူ့ရဲ့ကိုယ်ရေး ကိုယ်တာကိစ္စ တွေကို အနုပညာပိုင်း နဲ့ ခွဲခြားထားပြီး လောလောဆယ်မှာတော့ သူ့ရဲ့စီးရီးသစ်ထွက်ရှိနိုင်ဖို့ အရေးကိုပဲ အားစိုက်နေတယ်လို့ ဆိုပါတယ်။

” ဒါကတော့ ဘယ်လိုပြောရမလဲဗျာ။ အခု မဖြေချင်သေးဘူး။ စီးရီးခွေဘက်ကိုပဲ အဓိကထားချင်တယ်။ ကိုယ်ရေးကိုယ်တာအရ ပြောရရင် အခုက ကျွန်တော်လည်း လူလွတ်ပဲ။ ပြီးတော့ ဒီလိုကိစ္စတွေက လူတိုင်းလည်း ကြုံတွေ့နိုင်တာပါပဲ။ လူတိုင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စ တွေဆိုတာ ရှိကြပါတယ်။ ဒါပေမဲ့ အလုပ်နဲ့တော့ မရောထွေးပါဘူး။ ဘယ်လောက်ပဲ ကိုယ်ရေးကိုယ်တာ အရ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည် ဖြစ်စေ အနုပညာအလုပ်အပေါ်မှာတော့ ဘယ်တော့မှလျှော့ မှာမဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here