ညပိုင်းကနေ မနက်မိုးလင်း အထိကတာ မြန်မာ့ အနုပညာပဲ ရှိပါတယ် ဝင်းနောင်

0
249

win-naungဒီနှစ်ထဲမှာ ဇာတ်မင်းသား ဝင်းနောင်က အနုပညာ နဲ့ပတ်သက်ပြီး အားသွန်ခွန်စိုက် လုပ်ဆောင် သွားမှာဖြစ်ပြီး ဇာတ်သဘင်ပိုင်း ကို လည်း အဓိက အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ဇာတ်သဘင် လောကမှာ ရှိနေသရွေ့ အကောင်း ဆုံး မဖြစ်တောင်မှ အဆိုးဆုံး မဖြစ်အောင်တော့ ကြိုးစား သွားမှာဖြစ်ကြောင်း၊  အောင်မြင်တယ်၊ မအောင်မြင်တယ် ဆိုတာ ထက် အလုပ်လုပ်နေတယ် ဆိုတာကိုပဲ စိတ်ထဲရှိ ကြောင်း ကိုဝင်းနောင်က အနုပညာ နဲ့ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကို ပြောပြပါတယ်။ ဇာတ်သဘင် ရဲ့ တင်ဆက်မှု အပိုင်းမှာလည်း ပရိသတ် အတွက် အသိပညာ တစ်ခုခု ရရှိစေမယ့် အကြောင်းအရာမျိုးတွေ ကိုပဲ အဓိက ထား ကပြ တင်ဆက်လေ့ရှိတယ်လို့ ပြောပြလာတဲ့ ကိုဝင်းနောင်က..

“ကျွန်တော် ကတဲ့ ဇာတ်လမ်းတွေမှာ ဗဟုသုတ ပဲဖြစ်ဖြစ်၊ ရသပဲဖြစ်ဖြစ်၊ တရား သဘောပဲ ဖြစ်ဖြစ် တစ်ခုခု ကတော့ အမြဲတမ်း ပေး ပါတယ်။ အဲဒီလိုပေးဖို့ အတွက် ကလည်း လောကကြီးနဲ့ အဆက်အသွယ် ပြတ်လို့ မရဘူး။ ဒီလောကကြီးနဲ့ အဆက်သွယ် ပြတ်သွားရင် အခုခေတ်မှာ အဖြူခေတ် စားနေရင် ကျွန်တော်က အနက်ပေးလို့ မှမရတာ။ ခေတ်ရဲ့ရေစီးကြောင်းက အမြဲတမ်း ပြောင်းလဲနေ တာလေ ။ အဲဒီ အခြေအနေပေါ်မှာ ကျွန်တော်တို့က ပေးရမှာ” လို့ ကိုဝင်းနောင် က ပြောပါတယ်။ “သီချင်းဆိုတဲ့ ဇာတ်မင်းသား” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးခွေ ထွက်ရှိထားတဲ့ ကိုဝင်းနောင်က ဒုတိယ တေးစီးရီး ကိုလည်း စတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ တေးစီးရီး အတွက် သီချင်းတွေကို တေးရေးဆရာကြီး ထံမှာ  အပ်ထားပြီးပြီဖြစ် တယ်လို့ သိရပါတယ်။ ဒီနှစ်ထဲ မှာတော့ မထွက်နိုင်သေးပေမယ့် ၂ဝ၁၈ ခုနှစ်ထဲမှာ ထွက်မှာဖြစ်ကြောင်း လည်း ကိုဝင်းနောင်က ပြောပါတယ်။

ဒီလို သဘင် နဲ့ဂီတကိုလည်း တစ်ဖက်နဲ့တစ်ဖက် အဆက်မပြတ်အောင် လုပ်ဆောင် နေသလို စီးပွားရေး အနေ နဲ့လည်း အွန်လိုင်း ရှော့ ပင်း အနေနဲ့ လုပ်ဆောင် နေပါတယ်။ ဒီနှစ်ထဲမှာတော့ အွန်လိုင်း ရှော့ပင်းကနေ ဆိုင်ခန်းအထိ တိုးချဲ့ဖွင့်လှစ်နိုင် ဖို့ အတွက်ကိုလည်း အစီအစဉ် ရှိနေပြီး သူ့အနေ နဲ့ကတော့ အနုပညာ အလုပ် တွေနဲ့ မအားလပ်တာကြောင့် သူ့ တူတွေကို ဖက်ရှင်ဆိုင်ကို ဦးစီးစေမယ်လို့ သိရပါတယ်။ ၂ဝ၁၇ ခုနှစ် အတွက် ကိုဝင်းနောင်ရဲ့ ပရိသတ်ကို ပြောချင်တဲ့ စကားကတော့..

“သဘင် အနုပညာကို တို့မြန်မာလူမျိုးတွေရဲ့ ရိုးရာ အနုပညာပါလားလို့ ရင်ထဲမှာ ရိုရိုသေသေ လေးလေးစားစားနဲ့ ရင်ထဲမှာ ရောက် ရှိစေချင် ပါတယ်။ ညပိုင်းကနေ မနက်မိုးလင်း အထိကတာ ကျွန်တော်တို့ မြန်မာ့ အနုပညာပဲ ရှိပါတယ်။ ဒါကြောင့် မြန်မာ့ အနုပညာ ကို မြန်မာ့ အမွေအနှစ်တောင် မဟုတ် ဘဲ ကမ္ဘာ့အမွေ အနှစ်လို့ သတ်မှတ်ပြီး ဂုဏ်ယူပြီးအားပေးဖို့ တိုက်တွန်းပါ တယ်” လို့ သူ့ရဲ့ ရင်တွင်း စကားကို ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here