နှစ်ပေါင်း ၂ဝ ကျော် အကြာမှာ ပြန်လည် ကျင်းပတော့မယ့် ပြည်ထောင်စုနေ့ ပွဲတော်ကြီး

0
89

မကျင်းပဖြစ်ခဲ့တာ ဆယ်စုနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား ပွဲတော်ကြီးကို ရန်ကုန်မြို့၊ ကျိုက္က ဆံ ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းမှာ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဝင်ကြေး အခမဲ့ ကျင်းပသွား မှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနကနေ ခိုင်နှင်းဝေ ပရဟိတ လူငယ်များ အသင်းကို  ပြည်ထောင်စုနေ့ ပွဲတော်ကြီး ကျင်းပဖို့ အတွက် လမ်းညွှန်မှုပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပြည်ထောင်စုနေ့ ပွဲတော်ကြီး ကျင်းပရခြင်း ရည်ရွယ်ချက် ကတော့ ပြည်ထောင် စုနေ့ ပွဲတော်ကြီးကို ရှေး ယခင်ကအတိုင်း ပြန်လည်အသက်သွင်း ကျင်းပနိုင်ရန်၊ ပြည်ထောင် စု မြန်မာနိုင်ငံတော် ၏  အနှစ်သာရကို အစဉ် သတိပြုနိုင်စေရန်၊ တစ်မြေတည်းနေ တစ်ရေတည်း သောက် တိုင်းရင်း သားအချင်းချင်း ဓလေ့ထုံးစံ များကို အပြန်အလှန် ပိုမို ချစ်ကြည် နားလည်စေရန်၊ ဗိုလ်ချုပ် တည်ဆောက်ခဲ့သော ပြည်ထောင်စု ညီညွတ်ရေးကို ထိန်းသိမ်းရန် အတွက် သတိ ရှိစေရန် ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ရှေးရှုဦးတည်ရန် စတဲ့ ရည်ရွယ်ချက် များနဲ့ ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

“ရန်ကုန်မြို့မှာဆိုရင် ဒီလို ပွဲတော်ကြီးမျိုးက မရှိခဲ့တာ ဆယ်စု နှစ်အတိုင်း အတာတောင် ရှိခဲ့ပါပြီ။ ပွဲကို လာရောက်ကြမယ့် ပြည်သူတွေ အနေနဲ့ လည်း ပြည်ထောင်စု တိုင်းရင်းသားတွေ အကုန်လုံးရဲ့ ရိုးရာဓလေ့တွေကို မြင်တွေ့ကြရ မှာပါ။ ကရင်လူမျိုး ဆိုရင်လည်း ကရင် ဆိုတဲ့ ခေါင်းစဉ်အောက် မှာ လူမျိုးစု ဘယ်နှမျိုးရှိမယ်၊ သူတို့ ဘယ်လိုမျိုး ဝတ်စားဆင်ယင်လဲ၊ ရှေးအစဉ်အဆက် ဘယ်လို မျိုးတွေ နေထိုင် ခဲ့ကြသလဲ ဆိုတာမျိုးတွေကို ပြခန်းတွေနဲ့ ပြသသွားမယ်။  တိုင်းရင်းသား ပေါင်းစုံရဲ့ ပြခန်းတွေ အကုန်ပါပါမယ်။ တိုင်း နဲ့ပြည် နယ် က ဝန်ကြီးတွေ အကုန်လုံးကိုလည်း အသိပေးစာတွေ ပို့ထားတယ်။ သူတို့က နေတစ်ဆင့် သူတို့ ထိန်းသိမ်းထားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဓာတ်ပုံ တွေ၊ အဝတ် အစားတွေကို ပြဖို့ အတွက် ကိုလည်း တောင်းဆို ထားပါတယ်” လို့ ခိုင်နှင်းဝေ ပရဟိတ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ ပြည်ထောင်စုနေ့ ပွဲတော်ကြီးကို သဘင်၊ ရုပ်ရှင်၊ ဂီတ တိုင်းရင်းသား အနုပညာ ရှင် ပေါင်း များစွာနဲ့ ပြုလုပ် သွားမှာဖြစ်ပြီး ဖျော်ဖြေရေးစင် အမှတ် (၁) မှာတော့ နိုင်ငံကျော် အဆိုတော် များနဲ့အတူ အိပ်မက်ဆုံရာ၊ Myanmar Idol တို့မှ ဆုရ တေးသံရှင်များ၊ Shining Silver Stars Group (SSSG)၊ ရုပ်ရှင် အနုပညာရှင် များပါဝင်တဲ့ ပြဇာတ်နဲ့ တေး သရုပ်ဖော်များ၊ တိုင်းရင်း သားရိုးရာ အကအလှ များကို ကြည့်ရှုရမှာဖြစ်ပြီး ဖျော်ဖြေရေးစင် အမှတ် (၂) မှာတော့ မိုးကြိုး ငှက်ငယ် လေးများ ပဒေသာကပွဲ၊ ဖျော်ဖြေရေး စင်အမှတ် (၃) မှာ ဦးမောင်မောင် အဖွဲ့ရဲ့ ဆပ်ကပ်စွမ်းရည် ပြသမှုတို့ကိုတော့ ရုံဝင်ခနဲ့ ကြည့်ရှုလို့ရမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြခန်းများ အနေနဲ့ တိုင်းရင်းသားရိုးရာ အနုပညာ ပြခန်းများ၊ တိုင်းရင်းသား တို့ရဲ့ ဓလေ့ထုံးစံ များ၊ ခေတ်အဆက်ဆက် ဝတ်ဆင်ခဲ့သော အဝတ်အစားများကို ပြသထားမှာ ဖြစ်ပြီး ကစားနည်းများ အနေနဲ့ ပျော့ပျော့အိအိ ကလေး ကစားကွင်း၊ ချားရဟတ်၊ ပင်လယ်ဓားပြ၊ တိုင်းရင်းသား ရိုးရာ ကစားနည်းများ စတဲ့ အစီအစဉ်ပေါင်းများစွာနဲ့ ခမ်းနားစွာ ကျင်းပ သွားမှာဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here