ရန်ကုန် နီဂိုရှေးတား

0
97

qnick

ရန်ကုန် နီဂိုရှေးတားသည် ၁၈ ရာစုအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ဒဂုံ မြို့ကို ရန်ကုန်ဟု ပြောင်းလဲခေါ်ဝေါ် သမုတ်ခဲ့ချိန်က စ၍ “စေ့စပ်ညှိနှိုင်းသူ” Negotiator နီဂိုရှေးတား ဖြစ်လာခဲ့ရာ ယနေ့ ၂၁ ရာစုအထိ ထိုရာထူးမှာ ပြိုင်ဘက်မရှိ၊ အတိုက်အခံမရှိ၊ လွှတ်တော်သို့ တိုင် ကြားသူ မရှိ မြဲနေသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ သို့သော် သူ့ခမျာ ရာထူးစ ယူကတည်းက ပျော်ရွှင်ချမ်းမြေ့မှုတစ်စုံတစ်ရာမျှ မရခဲ့ရှာချေ။ ရန် ကုန်မှာ သူ့ထက် ဝါရင့်သော ဆူးလေ ဘိုးဘိုးကြီးက တမှိုင်မှိုင်တတွေတွေ နှင့် သက်ပြင်းတွေ တရှူးရှူးမှုတ်နေသော ရန်ကုန်နီအဂိုရှေးတားကို အကဲခတ်စောင့်ကြည့်နေရာမှ..

” ဟဲလို..စေ့စပ်ညှိနှိုင်းရေးမှူးကြီး၊ မျက်နှာမသာမယာနဲ့ နေ မကောင်းဘူးမှတ်တယ်” ဟု စုံထောက် ကြီး ဦးစံရှားလေသံဖြင့် စကားစလိုက်သည်။” နေကောင်းလို့ပဲ နှစ်ပေါင်း ၂၅ဝ ကျော် အသက်ရှည်နေတာပေါ့ ဘိုးဘိုးကြီးရာ။ မျက်နှာကတော့ မသာယာ၊ မရွှင်ပျနိုင်ဘူးလေ။ ကျွန်တော်လုပ်နေရတဲ့ အလုပ်တွေ က စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိတာ ဘိုးဘိုးကြီးအသိပဲ။ ကျွန် တော့်အလုပ်က လင်မယားကြား ခါးနာ ရတဲ့ ငထွားရဲ့အဖြစ်လိုပါပဲ ဘိုးဘိုး ကြီးရာ။ ရာသက်ပန်တာဝန် ယူထား ရတော့ သက်ပြည့်အငြိမ်းစားလည်း ယူလို့မရနဲ့ တကယ့်ဒုက္ခပါပဲဗျာ”

” အိမ်း..ဟုတ်ပေတယ်၊ ဟုတ်ပေတယ်။ မင်းက နီဂိုရှေးတားဆို တော့ ကြားလူပဲ။ မတည့်တဲ့လူနှစ် ယောက်ကိုတည့်အောင် ကြားဝင် စေ့စပ်ပေးရတဲ့ အလုပ်က မလွယ်ဘူးကွယ့်။ တကယ်မလွယ်ဘူး။ ကျွတ်..ကျွတ်” ဆူးလေဘိုးဘိုးကြီးသည် ကိုယ် ချင်းစာနာကျင်ဟန် စုတ်တသပ်သပ် ဖြင့် ယနေ့အလှူခံပုံးထဲမှာ အလှူ ငွေမည်မျှရသည်ကို စစ်ဆေးရန်ဆူးလေစေတီတော်ဘက်သို့ တရွေ့ ရွေ့ထွက်ခွာ လျှောက်လှမ်းသွား သည်။ ဆူးလေဘိုးဘိုးကြီးကို မျက်စိ စွေကြည့်ကာ ရန်ကုန်နီဂိုရှေးတား က..

” ဒီအဘိုးကြီးတွေများ ရာထူး ကြီးကြီးသာယူထားတာ။ ဘာတာဝန် မှ မည်မည်ရရမရှိဘူး။ နေ့ဘက်ဆို ပန်းခြံထဲမှာ အတွဲတွေလိုက်ကြည့် မယ်။ ညဘက်ဆို ပွဲဈေးတန်း လျှောက်ရင်း မုန့်ပဲသွားရေစာ အလကားဝါးမယ်။ ပြီးရင် ဇိမ်နဲ့နှပ် နေမယ်။ ဒါပဲ..ဒါပဲ..ငါ့မှာတော့ ..ငါ့မှာတော့ မအောင်မြင်တဲ့ အလုပ်တာဝန်တွေကြားမှာ ဗျာများလို့” ဟု မိမိဘာသာမိမိကြားရုံ ညည်းညူမိသည်။ မှန်ပေသည်။ ရန်ကုန် နီဂိုရှေး တားသည် ပဋိပက္ခဖြစ်သူများ အကြား စေ့စပ်ညှိနှိုင်းရေးလုပ်ဆောင် ပေးရသည့် တာဝန်ကို ယူပြီးကတည်း က အနားယူရသည့်အချိန်ဟူ၍ မရှိ ပေ။ ရန်ကုန်ကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် နယ်ချဲ့အင်္ဂလိပ်တွေ နှင့် မြို့ခံ မွန်မြန်မာများကြားမှာ ဝင်ရောက်စေ့စပ်ပေးခဲ့ဖူးသည်။ မအောင်မြင်ရှာပေ။

” နိုး..နိုး..ဝှူးအာယူ၊ နိုး.. နိုး ပိစ်မိတ်ကာ” ဟု အင်္ဂလိပ် ဗိုလ်ချုပ်ကင်းဘဲက တစ်လုံးထိုး ပြောင်းတိုသေနတ်ကြီးဖြင့် ချိန်ကာ ရန်ကုန်နီဂိုရှေးတားကို မောင်းထုတ် သည်။ ‘အလိုလေး..ဒင်း (သင်း) တို့ အင်္ဂလိပ်တွေမှာလည်း တစ် အာဏာရှင်ဆိုတာရှိသကိုး” ဟု ရေရွတ်ကာ သူ့ခမျာ သေပြေးရှင်ပြေး ထွက်ပြေးခဲ့ရသည်။ ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံးတုန်းက လည်း ဂေါ်ရာမြင်းစီးပုလိပ်တွေကို ဝင်ရောက်တောင်းပန်ရာ “ဒမ်းဖူး” ဟု အဆဲခံရပြီး နံပါတ်တုတ်စာမမိ အောင် ထွက်ပြေးရပြန်သည်။ ရေနံမြေ သခင်ဘိုးလှကြီးတို့ သပိတ်စစ်ကြောင်းကြီး ရန်ကုန်သို့ ချီတက်လာစဉ်တုန်းကလည်း ရန်ကုန်နီဂိုရှေးတားက အာဏာပိုင် များနှင့် သပိတ်တပ်သားများကို ကြားဝင်စေ့စပ်ရန် ကြိုးစားခဲ့သေး သည်။ ထိုအခါ မျက်နှာဖြူဘုရင်ခံက “ဂက်တောက်..ဂက်တောက်” ဟု အော်ဟစ်မောင်းထုတ်ပြန်သည်။

” မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ရဲ့ကနဦးရှေ့ဆောင် ဂျီစီဘီအေ အသင်းကြီး ထက်ခြမ်းကွဲတော့လည်း ငါ ကြားဝင်ပေးခဲ့သေးတာပဲ။ မင်း မှတ်ထားကွ တပည့်ကလေး” ဟု ရန်ကုန်နီဂိုရှေးတားက သူ့ခြေရာကို နင်း၍ သူ့အမွေကို ဆက်ခံရန် ကြိုးစားနေသော ရန်ကုန်လူလည် ကလေးကို ဟောပြောကြားနာစေသည်။

“မအောင်မြင်ဘူးမဟုတ်လား ဆရာကြီး”
“ထုံးစံအတိုင်းပေါ့ကွာ”

နယ်ချဲ့အင်္ဂလိပ်တိုက်ထုတ်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးများတွင် အချင်းချင်း စိတ်ဝမ်းမကွဲပြားကြရန် ရန်ကုန်နီဂိုရှေးတားက မျိုးချစ်
အင်အားစုများအကြားဝင်ရောက် ညှိနှိုင်းနှိုးဆော်ပေးခဲ့သည်။

“မအောင်မြင်ဘူးမဟုတ်လား ဆရာကြီး”
“ထုံးစံအတိုင်းပေါ့ကွာ”

မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် နီးကပ်လာချိန်တွင် ကွန်မြူနစ်များကို (ဖဆပလ) အဖွဲ့ချုပ်ကြီးထဲမှ ထုတ်ပစ်လိုက်သောအခါ ရန်ကုန် နီဂိုရှေးတား ကြားဝင်စေ့စပ်ပေးခဲ့ဖူးပါသလားဟု တပည့်ကလေးက မေး သည်။

“ဟာ..ဒီကိစ္စမှာတော့ ငါ ကြားမဝင်ရဲဘူးကွ။ ဗိုလ်ချုပ်စိတ်တိုတဲ့အချိန်နဲ့တိုးရင် ငါ ပါးရိုက်ခံရမှာ ဟီးဟီးဟီး”

လွတ်လပ်ရေးရရှိပြီးနောက် ဖြစ်ပွားသော အဟုန်ပြင်းသည့် ပြည်တွင်းစစ်တွင် လည်း လက်နက် ကိုင် အဖွဲ့ပေါင်း စုံကြားမှာ ဝင် ရောက်စေ့စပ်ဖို့ ကြိုးစားခဲ့သေး သည်ဟု ရန် ကုန် နီဂိုရှေးတား ကြ<ွကားသည်။ “ဘယ့်နှယ်နေလဲ ဆရာကြီး။ မအောင်မြင်ဘူးမဟုတ်လား”

“စိတ်ကူးရုံပဲ တတ်နိုင်ပါသကွာ။ ကျည်ဆန်တွေရှောင်နေရတာနဲ့ ခေါင်းတောင်မဖော်အားခဲ့ပါဘူး”

” တော်လှန်ရေးကောင်စီခေတ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေမှာကော ဆရာကြီးပါသေးလား။ ကျွန်တော်တော့ သမိုင်း မှတ်တမ်းတွေမှာ ဆရာကြီးနဲ့ ပတ်သက်လို့ ဘာတစ်ခုမှမတွေ့ရဘူး ခင်ဗျ။ ဆရာကြီးက စေ့စပ်ညှိနှိုင်းရေးသမား၊ ပိစ်မိတ်ကာ Peace Maker လုပ်တယ်ဆိုတာ လိမ်ဆင်ကြီး မှတ်ပါရဲ့” ဟု တပည့်ကလေးက ပက်ပက်စက်စက် ဝေဖန်သောအခါ ရန်ကုန်နီဂိုရှေးတား ကျွဲမြီးတို သွားလေသည်။

” ဟိတ်ကောင်..ငါ့ကို အသရေမဖျက်နဲ့။ ငါကတရားစွဲမှာတော့ မဟုတ်ဘူး။ မင်းကို ပါးရိုက်ပစ်လိုက်မှာ။ မင်းမှတ်ထား၊ ငါကသမာသမတ်ကျပါတယ်လို့ ယူဆပြီး ရာထူးခန့်ခံရတဲ့ စေ့စပ်ညှိနှိုင်းရေး သမားမဟုတ်ဘူး။ ငါကွသှိနညအ လို့ ခေါ်တဲ့ ဘုရားသခင်က စေလွှတ်တော်မူတဲ့ ငြိမ်းချမ်းရေးတမန်။ ဟောသည် ရန်ကုန်ရွှေမြို့တော်ကြီး ငြိမ်းချမ်းသာယာသွားအောင် ပဋိပက္ခ ဖြစ်နေသူတွေကို စေ့စပ်ညှိနှိုင်းပေး နေရတာ။ ရန်ကုန်မြို့တော်ကြီးရဲ့ လှပတဲ့အနာဂတ်အတွက်…”ရန်ကုန်နီဂိုရှေးတားသည် စကားမဆက်နိုင်တော့ဘဲ လူတစ်ယောက်၏ ဝင်တိုက်ခြင်းခံရကာ လဲကျသွားသည်။ နောက်ကပြေး လိုက်လာကြသော ရဲတွေကလည်း သူ့ကို တက်နင်းသွားကြပြန်သည်။ ရန်ကုန်နီဂိုရှေးတားသည် လဲကျရာမှ ရှုံ့မဲ့ရှုံ့မဲ့ဖြင့်အားယူပြီး ပြန်ထကာ လမ်းသွားလမ်းလာ တစ်ဦးအား “ဘာဖြစ်နေကြတာလဲ” ဟု မေးလိုက်သည်။ ထိုလူက “စတိုး ဆိုင်ထဲဝင်၊ လေးခွနဲ့ချိန်ပြီး ငွေလုပြေးလို့ဗျို့” ဟု အော်ပြောကာ သူ့လမ်းသူ ဆက်လျှောက်သွားသည်။

” မြို့လယ်ကောင်ကြီးမှာ အတင့် ရဲလိုက်ပကွာ” ဟု ရန်ကုန်နီဂိုရှေးတားက ညည်းညူရေရွတ်ဆဲတွင် ကမူးရှူးထိုး ပြေးလာသော ညှင်းသိုးသိုး လူငယ်တစ်ယောက်က ရန်ကုန် နီဂိုရှေးတားကို ဝင်တိုက်ပြီး ရှေ့ဘက် ပြေးသွား ပြန်လေသည်။ သူ့နောက် က တုတ်တွေကိုင်ထားသော လူ တစ်စုက ပြေးလိုက်လာသည်။ သည် တစ်ခါတော့ ရန်ကုန်နီဂိုရှေးတားသည် ဝင်အတိုးမခံရအောင် လမ်း ဘေးမှာ ကပ်နေလိုက်သည်။” အဲဒီလူတွေ ခါးပိုက်နှိုက်ကို လိုက်နေကြတာလား” ဟု ရန်ကုန် နီဂိုရှေးတားက အနီးမှဈေးသည်ကို မေးကြည့်သည်။ ” ခါးပိုက်နှိုက်မဟုတ်ဘူး။ အဲဒီ ကောင်က သူ့ရည်းစားကို ကတ်ကြေး နဲ့ထိုးပြေးလို့ လိုက်ဖမ်းနေတာ။ အဲဒီကောင်က မနေ့ကမှ ထောင်က လွတ်တာတဲ့။ ဝင်ဆွဲတဲ့လူတစ် ယောက်လည်း ကတ်ကြေးနဲ့ အတွတ် ခံရသေးသတဲ့။ အမလေး..ဘုရား ..ဘုရား” “ဟင်း..နီဂိုရှေးတားမလုပ် တော့ဘူးဟေ့။ ဖိုက်တာပဲလုပ်တော့ မယ်။ (ကဲ)..ပြေးနိုင်မှ လွတ်မကွနော” ဟု အော်ဟစ်ကြုံးဝါးကာ ရန်ကုန်နီဂိုရှေးတားသည် လေ၏ အဟုန်မျိုးဖြင့် ကတ်ကြေးသမား နောက်သို့ ပြေးလိုက်နေလေတော့ သည်။

ကြူးနှစ်


LEAVE A REPLY

Please enter your comment!
Please enter your name here