သဘင်သက်ကြီး ပူဇော်ပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲ မန္တလေးတွင် ပြုလုပ်မည်

0
143

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) နဲ့ သဘင် လူမှု  ကူညီစောင့်ရှောက်ရေး ကော်မတီတို့မှ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှာရှိတဲ့ သက်ကြီး သဘင် အနုပညာရှင်ကြီး များကို ပူဇော် ကန်တော့နိုင်ရန် အတွက် စီစဉ်လျက် ရှိပါတယ်။

ဒီလို စီစဉ်မှုနဲ့ အတူပဲ သက်ကြီး သဘင်ပညာရှင်ကြီးများကို ကန်တော့ငွေ များ လှူဒါန်းနိုင်ရန် အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲများ ကိုလည်း ရန်ကုန်မှာ ဆက်တိုက် ပြုလုပ်လျက် ရှိပါတယ်။ အဲဒီလိုပဲ မန္တလေးမှာလည်း သဘင် သက်ကြီး ပူဇော်ပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲ ကို ဖေဖေါ် ဝါရီလ မှာပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ပြုလုပ်မယ့်ရက်ကိုတော့ ဖေဖေါ်ဝါရီလ ၁၂၊ ၁၃၊ ၁၄ ရက်နေ့လို့ ယာယီ သတ်မှတ်ထားပြီး လက်ရှိ အချိန်မှာတော့ ဇာတ်ရုံ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။ မန္တလေး အမျိုးသား ဇာတ်ရုံမှာ ပြုလုပ်ဖို့ စီစဉ် ခဲ့ပေမယ့်လည်း လက်ရှိ မှာတော့ အဆိုပါ ဇာတ်ရုံ ပြင်ဆင်နေမှုက ၂ လ ကြာမယ်လို့ သိရတဲ့ အတွက် မန္တလေးမြို့တော် ခန်းမ (၁)မှာ ပြုလုပ်ဖို့ စာတင် ထားကြောင်း မန္တလေးတိုင်းဒေသကြီး၊ သဘင် လူမှုကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုဝင်းနောင် ကပြောပါတယ်။ ဒီဖျော်ဖြေပွဲ မှာတော့ ရုပ်ရှင် သရုပ် ဆောင် ဝေဠုကျော်၊ သဘင်မင်းသား ဝင်းနောင်၊ မင်းသမီးကြီး နန်းခင်မွှေး တို့က ပါဝင်ဖျော်ဖြေ သွားမှာဖြစ် သလို နောက်ထပ် အနုပညာရှင်များကို လည်း ထပ်မံ ဖိတ်ခေါ်သွားဖို့ရှိ ကြောင်းလည်း သိရပါတယ်။

“မြန်မာသံ ပါမယ်။ အော်ပရာပါမယ်။ စတိတ်ရှိုးပါမယ်။ ပြဇာတ်ပါမယ်။ နှစ်ပါးပါမယ်။ သီချင်းကတော့ ကျွန်တော့် တစ်ကိုယ်တော် အခွေ အထဲ က သီချင်း တွေကို အဓိက သီဆိုဖျော်ဖြေ သွားမယ်။ နောက်ထပ် အနုပညာရှင်တွေလည်း အများကြီးပါမှာပါ။ ဇာတ်ရုံ က မရသေးတော့  အနုပညာရှင်တွေ ကို မဖိတ်ခေါ်ရ သေးတာပါ။ ရပြီ ဆိုတာနဲ့ ကျွန်တော်တို့ သေချာ ဖိတ်ခေါ်သွားမယ်” လို့ ကိုဝင်းနောင် က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here