ကျော်ထက် ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ပရိသတ် ရင်ကို ထိစေနိုင်မလား

0
232

kyaw-htet“သူငယ်” ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးထားတဲ့ ကျော်ထက်က သူ့ရဲ့ဒုတိယမြောက် ရုပ် ရှင်ဇာတ်ကားဖြစ်တဲ့ “ကြယ်” ရုပ်ရှင် ဇာတ်ကား ကို ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ အောင်ဇော်လင်း က ရိုက်ကူးထား တာဖြစ်ပြီး မင်းဦး၊ မင်းပိုင်၊ ပိုင်ဖြိုးသု၊ နန်းမြတ်ဖြိုးသင်း၊ မျိုးသန္တာထွန်းတို့က ကျော်ထက်နဲ့ အတူ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားမှာ ကျော် ထက်က ရောဂါသည် ဆရာဝန်၊ ငွေကြေးလည်း ချမ်းသာတဲ့ ဆရာဝန် တစ်ယောက်က လူငယ်တွေကို ပြုစု ပျိုးထောင်ပေးတဲ့ ဆရာဝန် တစ်ယောက်ရဲ့ ကာရိုက်တာ ကို သရုပ် ဆောင် ရမှာဖြစ်ကြောင်း သိရပါတယ်။ ပထမဆုံး ရိုက်ကူးထားတဲ့ သူငယ်ရုပ်ရှင် ဇာတ်ကားရဲ့ ကာရိုက်တာ နဲ့ မတူဘဲ ထူးခြား ကွဲပြားမှုရှိတာကြောင့် အရင်ထက် ပိုပြီး အားစိုက် ထားရကြောင်း သရုပ်ဆောင် ကျော်ထက်က

“ဒီဇာတ်ကားမှာ ကျွန်တော့်ထက် ငယ်တဲ့ သရုပ်ဆောင် လူငယ် တွေ ပါပေမယ့် ကျွန်တော့်ထက် စီနီယာတွေ ဖြစ်နေတယ်။ အဲဒီတော့ ပိုလည်း ကြိုး စားရပါမယ်။ သူငယ်နဲ့ မတူတဲ့ ကာရိုက်တာ ဆိုတော့ ပိုပြီးတော့လည်း အား စိုက်ထား ရပါတယ်။ ဒီဇာတ်ကားက ကာရိုက် တာ အတွက် ဆေးရုံကြီးမှာ Patients  တွေကို သွားရောက် လေ့လာထားပါတယ်။ ဒီဇာတ်ကား အတွက် ပြင်ဆင်ထားမှုထက် အားကိုး တာပါ။ ကျွန်တော်နဲ့ပါဝင် သရုပ်ဆောင် ကြမယ့် သရုပ်ဆောင်တွေကို အားကိုးပါတယ်။ ဒါရိုက်တာ ကိုလည်း အားကိုးတယ်။ ဝတ္ထု ကတော့ ပြောစရာမလိုတော့ဘူး။ ပြီးတော့ ထူးခြားပြီး တိုက်ဆိုင်တာတစ်ခုက ဒီ “ကြယ်” ဝတ္ထုကို မလွန်းထားထား ရေးတဲ့အချိန်ကှိုသူ စရိုက်တဲ့ အချိန်ဖြစ်နေတော့ ကျွန်တော့် အတွက်လို့တောင် ပြောလို့ရပါတယ်။ ပြီးတော့ ဒီ “ကြယ်”ဇာတ်ကားက ကျွန်တော့်အတွက် ဒုတိယမြောက် Challenge ဖြစ်တယ်။ အဲဒီတော့ ပရိသတ်တွေ ကျွန်တော့်ကို အားပေးကြပါဦး။ ဒီလောကမှာ ခြေချပြီးမှတော့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here