ဗီယက်နမ် မင်းသမီးနဲ့ မတ်လမှာ ဇာတ်ကား ရိုက်ကူးမယ့် ဒါရိုက်တာ သြရသ

0
60

all-yathaဒါရိုက်တာ သြရသက ရွှေစန္ဒာမင်း ထုတ်လုပ်ရေး အတွက် “အိမ်ကြက်” ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးနေပြီး အိမ် ကြီးကို လောဘ တက်ပြီး လုကြတာကို ဟာသနှောကာ ရိုက် ကူး ပုံဖော်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါရိုက်တာ သြရသ က လောလောဆယ် မှာတော့ ဟာသ ရုပ်ရှင်ဇာတ်ကား တွေကို ရိုက်ကူးတာ များနေပြီး ၂ဝ၁၇ ခုနှစ်ထဲမှာဒရာမာ   ဇာတ်လမ်းတွေလည်း ရိုက်ကူးဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။

“ဟာသ ဇာတ်ကား ရိုက်ကူးတဲ့ အခါမှာလည်း ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ခ်ျကို အတတ်နိုင်ဆုံး ထည့်ပေးပါတယ်။ “အိမ်ကြက်” ဇာတ်ကား မှာဆိုရင် လူတွေက လောဘတွေ တက်လာတဲ့ အခါကျရင် ကိုယ့်ရဲ့ ရပိုင်ခွင့် အစစ်အမှန်ဟုတ်၊ မဟုတ်ကို ဝေဖန်  ။ အမှန် အမှား ကိုလည်း မသိဘူး။ လောဘ တက်လာကြရင် ပညာတတ် သည်ဖြစ်စေ၊ ပညာ မတတ်သည်ဖြစ်စေ အမြင်ကန်းပြီး တဇွတ်ထိုး လုပ် တတ်ကြတယ်။ လူငယ်တွေနဲ့ ပတ် သက်ရင်လည်း တကယ် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ တရား ဆိုတာ ငွေနဲ့ဝယ်လို့ မရဘူး ။ စည်းစိမ် ဥစ္စာတွေနဲ့ မသက်ဆိုင်ဘူး ဆိုတာကို မက်ဆေ့ခ်ျ ပေးထားပါ တယ်” လို့ ပြောပါတယ်။ ဒါရိုက်တာ သြရသက ဒါရိုက် တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ တွဲဖက် ဒါရိုက်တာ တစ်ဦး အနေနဲ့ ၁၅ နှစ်ကြာရိုက်ကူး ခဲ့သူဖြစ်ကြောင်း သိရပါတယ်။

“အခု လောလောဆယ် မှာတော့ ကျွန်တော့်ဆရာ က ရုပ်ရှင် မရိုက်တော့ဘူး နားလိုက်ပြီ ဆိုတော့ ကျွန်တော့် အနေနဲ့ ဒါရိုက်တာ အနေနဲ့ပဲ ရိုက်သွား ဖို့ရှိပါတယ်။ ဆရာနဲ့တွဲပြီး မရိုက်ကူးဖြစ်တော့တာက ဆရာနားလိုက်လို့ပါ။ ကျွန်တော် တွဲဖက်ဒါရိုက် တာအနေနဲ့ ဆရာနဲ့အတူ နှစ်တော်တော် များများ ရိုက်ကူးခဲ့တယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေ လည်း ရေးခဲ့ပါတယ်။ အဓိကတော့ ကျွန်တော် ဖန်တီးတဲ့ အနုပညာက ဟာသဆိုလည်း ဟာသရသမြောက်အောင်၊ ရိုမန့်ဆိုလည်း ရိုမန့်၊ ဒရာမာဆိုလည်း ဒရာမ ရသမြောက် အောင် ကိုယ်ဖန် တီးတဲ့ အနုပညာက ဟာသချည်းပဲ မဟုတ်ဘဲ ဇာတ်လမ်း ပေါ်မှာမူတည်ပြီး ဟာသလား၊ ဒရာမာလား၊ ရိုမန့်လား အဲဒါတွေအကုန်လုံးကို အပီပြင်ဆုံးနဲ့ အတတ်နိုင် ဆုံး အကောင်းဆုံးဖြစ်အောင် ဖန်တီးမယ်ဆိုတဲ့စိတ်ပဲ ရှိပါတယ်” လို့ ပြောပါတယ်။ ဒါရိုက်တာ သြရသ က ၂ဝ၁၇ ခုနှစ် မတ်လမှာ နေတိုး၊ ထွန်းထွန်း၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ၊ ခင်ဝင့်ဝါတို့နဲ့ ကလောမှာ ရုပ်ရှင် ဇာတ်ကား ရိုက်ကူး သွားမှာဖြစ်ပြီး ရိုမန့်ဒရာမာ ဇာတ်လမ်း ဖြစ်ပါတယ်။

“ဗီယက်နမ် မင်းသမီးဖြစ်တဲ့ အတွက် သူနဲ့ အထွေအထူး ပြင်ဆင် ရတာတော့ မရှိပါဘူး။ ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေ ဘာသာပြန်ပြီး သူ့ကိုပေးဖတ်ရတယ်။ သူနဲ့ညှိနှိုင်း ဆွေးနွေး ပြီး ကျွန်တော်တို့ လိုချင်တဲ့ အဝတ်အစား ပုံစံ ညှိနှိုင်းရတယ်။ ဒီလောက်ပါပဲ။ ကျန်တာ ကတော့ ရိုက်ကွင်းမှာ ဘာသာပြန်နဲ့ အလုပ်လုပ်ရမှာပေါ့။ ဇာတ်ကား နာမည်ကတော့ အတည် မပြုရသေးပါဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here