မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲ အောင်မြင်ရခြင်း အပေါ် မှတ်ချက်ပြု ပြောလာတဲ့ သူရိယ

0
170

thu-ri-ya-1MRTV-4 မှာ လက်ရှိ ပြသနေဆဲ ဖြစ်တဲ့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲဟာ ပရိသတ် စိတ်ဝင်စားမှု မြင့်တက် နေတာနဲ့ နည်းတူ အဲဒီ ဇာတ်လမ်းတွဲ ထဲက အဓိကဇာတ် ကောင် တစ်ဦးဖြစ်တဲ့ သူရိယ ကိုလည်း အခြား ဇာတ်ကားတွေနဲ့ မတူ ကွဲပြားစွာနဲ့ တွေ့မြင် လာ ရပါတယ်။ သရုပ်ဆောင် သူရိယ ဆိုတဲ့ပုံစံ ပျောက်သွားပြီးတော့ ဇာတ်လမ်းတွဲ ထဲက ဥက္ကာ ဆိုတဲ့ ဇာတ်ကောင်ကပဲ ပိုပြီး ပေါ် လွင်နေခဲ့တာကို ထင်ထင် ရှားရှား တွေ့ရ ပါတယ်။

“ပရိသတ်တွေ ဒီဇာတ်လမ်းတွဲ လေးကို ကြိုက်နှစ်သက် သွားကြတဲ့  အတွက် ကျွန်တော်တို့ အဖွဲ့သားတွေလည်း အတော်ကို ပျော်နေကြ ပါတယ်။ ကျွန်တော့် ဇာတ်ရုပ် ကလည်း ဒေါသကြီးတယ်။ မဟုတ်မခံတဲ့ စိတ်ရှိတဲ့သူ တစ်ဦးပေါ့။ အလုပ်ရှင်တွေ နဲ့လည်း ဘယ်တော့မှ အဆင်မ ပြေတဲ့သူ တစ်ဦးပေါ့။ အကုန်လုံးက ကာရိုက်တာ တစ်ယောက် တစ်မျိုး စီရှိကြတယ်။ ကျွန်တော် တို့ အိမ်ဘေးက လင် မယား နှစ်ယောက်က သေသွားတယ်။ သေသွားတဲ့ အချိန် ကျွန်တော်တို့ အဖွဲ့ကို သံသယ ရှိလာကြ တယ်။ နောက်ပိုင်းမှာ စိတ်ဝင်စား ဖွယ်ရာတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒါကိုတော့ ဆက်လက် စောင့် မျှော် ကြည့်ရှု ခံစားပေးပါလို့ ပြောချင်ပါတယ်” လို့ သူရိယ က ပြောပြပေးပါတယ်။

မနေ့က ဖြစ်သည် ဇာတ်လမ်းတွဲ အောင်မြင် သွားရခြင်းမှာ အကြောင်း အချက် ၃ ချက် အပေါ် သက်ရောက် သွားလို့ အောင် မြင် ခဲ့တာ ဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်။

“နံပါတ်တစ် အနေနဲ့ကတော့ ကံတရားကြောင့် ဖြစ်ပါ တယ်။ ကံတရားကြောင့် အောင်မြင်ခဲ့တယ်လို့ မြင်ပါတယ်။ ဒုတိယ ကတော့ ကြိုး စား အားထုတ်ခဲ့မှုပါ။ ကြိုးစား အား ထုတ်မှုက ဇာတ်ကား အောင်မြင်ဖို့အတွက် အများကြီး လိုအပ် ပါတယ်။ ဒီဇာတ်ကား ရိုက်ကူးနေတဲ့ အချိန် အတွင်းမှာ Crew တွေရော၊ ဒါရိုက်တာနဲ့ ကျွန်တော်တို့ သရုပ်ဆောင် တွေရော အကုန်လုံး ပင်ပင်ပန်းပန်း နဲ့ ကြိုးစားအား ထုတ်  ။ မနက်မိုးလင်း အထိ ရိုက်ခဲ့ရတဲ့ အခန်းတွေ အများကြီး ရှိခဲ့တယ်။ အဲဒီတော့ ကြိုးစား အားထုတ်မှုက လည်း အများကြီး မူတည်ခဲ့တယ်။ ဇာတ်ညွှန်းကလည်း ရသသစ် တစ်ခုကို ခံစားစေရတာ ဖြစ်တော့ ပရိသတ် ကလည်း ရသအသစ် တစ်ခုကို ခံစားလိုက်ရတော့ အကြိုက် တွေ့သွားတဲ့ အတွက် အောင်မြင် သွားတယ်လို့ မြင်ပါတယ်” လို့ ပြောပြပေးခဲ့ပါတယ်။

သူရိယက လက်ရှိမှာတော့ “နောက်ကျော ကဓား” ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ရာ ဇဝင်ကို၊ မေကြည်၊ ဆိုဖီယာ တို့နဲ့အတူ ရိုက် ကူးလျက်ရှိနေပါတယ်။

ထက်လူ၊
ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here