ACID အဖွဲ့ရဲ့ စီးရီးသစ် ၂ဝ၁၇ ခုနှစ်မှာ ထွက်လာနိုင်မလား

0
188

acid

ACID အဖွဲ့က နှစ်သစ်ကူးည ကို အဖွဲ့သားစုံလင်စွာနဲ့ Junction Square စင်တာမှာ ဖျော်ဖြေ ရေးနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။ခုနောက်ပိုင်းကာလတွေမှာတော့ ACID အဖွဲ့ကို အနုပညာလှုပ်ရှားမှုများမှာ အရင်ကထက် ပိုမိုအတွေ့ ရများလာခဲ့ပြီး အဖွဲ့သားစုံညီစွာနဲ့ ဖျော်ဖြေကြတဲ့ပွဲတွေလည်း ပိုတွေ့လာရတာကြောင့် ၂ဝ၁၇ခုနှစ် အတွင်း ဗခငိရဲ့ လှုပ်ရှားမှုတွေ ဘာတွေ တွေ့ရမလဲဆိုတဲ့အကြောင်းကို ACID အဖွဲ့ဝင်ရန်ရန်ချန်းက ..

” ကျွန်တော်တို့ နယူးရီးယားကိုတော့ Junction Square မှာ ဖျော်ဖြေခဲ့ပါတယ်။ သီချင်းသစ်တွေတော့ မဆိုဖြစ်ဘူး။ ကျွန်တော်တို့ စီးရီးသစ်ထွက်ဖြစ်မှပဲ သီချင်းသစ် ဆိုချင်တယ်။ ဒီ ၂ဝ၁၇ ခုနှစ်ထဲမှာတော့ ကျွန်တော်တို့လည်း သီချင်းသစ် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ လတ်တလောဆိုရင်တော့ ဖေဖော်ဝါရီလထဲမှာ ကျွန်တော်တို့ ၂ဝဝဝပြည့်နှစ်ဝန်းကျင်က စတင်ခဲ့တဲ့အဖွဲ့တွေစုပြီး ဖျော်ဖြေမယ့်ပွဲတစ်ပွဲတော့ ရှိပါမယ်” လို့ ပြောပါတယ်။ ACID အဖွဲ့က သူတို့ အဖွဲ့အနေနဲ့ အရင်လိုလူချင်းအချိန် ကြာကြာ မတွေ့ဖြစ်တာနဲ့ အချိန်သိပ်မပေးဖြစ်တာကြောင့် သီချင်းစုလုပ်ဖို့ ကြာနေတယ်လို့လည်းပြောပါတယ်။

” ကျွန်တော်နဲ့ကိုတွိကတော့ ရန်ကုန်မှာရှိတယ်။ ဇေယျာသော်နဲ့လည်း ပြောဖြစ်ပါတယ်။ ဒါပေမဲ့သူကလည်း ရန်ကုန်ပြန်ရောက်တဲ့ အချိန်က တစ်ရက်၊ နှစ်ရက်ပဲဆိုတော့ အရင်လို အချိန်မပေးနိုင်ဘူး ဖြစ်နေတာ။ ငယ်ငယ်တုန်းကလို မြောပြီး အချိန်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ကျွန်တော်တို့ လည်း သီချင်းသစ်ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ရန်ရန်ချန်း က ဆက်ပြောပါတယ်။ ACID အဖွဲ့ က ၂ဝ၁၆ ခုနှစ်အတွင်းမှာလည်း သူတို့အဖွဲ့လိုဂိုနဲ့ အင်္ကျီ၊ ဦးထုပ် များကို အမှတ်တရထုတ်ဝေခဲ့ဖူးပြီး နောက်ပိုင်းမှာလည်း ဒီလို အမှတ်တရ ပစ္စည်းလေးတွေ ထပ်မံထုတ်ဝေသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here