Mister Tourism World တာဝန်နဲ့ ပြည်ပ၄ နိုင်ငံကို ခရီးထွက်မယ့် ဥက္ကာမင်းမောင်

0
29

ooo

Mister Tourism World ဆုရှင်ဥက္ကာမင်းမောင်ရဲ့ ဂုဏ်ပြုည စာစားပွဲအခမ်းအနားကို ဒီဇင်ဘာ လ ၂ဝရက်နေ့၊ ညနေ၆နာရီ အချိန်က ဆူးလေရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကတော့ Mister Tourism World ပြိုင်ပွဲကို သွားပြိုင်ဖို့ အစစအရာရာကူညီပေးခဲ့တဲ့ ဒီဇိုင်နာ၊ ဓာတ်ပုံဆရာ၊ မိတ်ကပ်ပညာရှင်တွေ Gym အစ စပွန်ဆာပေးခဲ့တဲ့သူတွေ၊ ကျေးဇူးရှင်လက်ဦးဆရာတွေကို ဂါရဝပြုတဲ့ ပွဲဖြစ်ကြောင်း ဥက္ကာမင်းမောင်က ပြောပါတယ်။

ဥက္ကာမင်းမောင်က ဒီလကုန်မှာ အမေရိကကို ခဏပြန်ဖို့ရှိပြီး ၂ဝ၁၇ခုနှစ် ဇန်နဝါရီလမှာတော့ စင်ကာပူ၊ ဒူဘိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံများကို Mister Tourism World တာဝန်နဲ့သွားဖို့ရှိကြောင်း ပြောပါတယ်။ ဒီပြိုင်ပွဲ မပြိုင်ခင်ကတည်းက ပြိင်ပွဲအတွက် ပြင်ဆင်ပုံ၊ Mister Tourism World တာဝန်ဖြင့်သွားမယ့် ခရီးစဉ်များကို ဓာတ်ပုံများနဲ့အတူ စာအုပ်ထုတ်သွားမှာဖြစ်ပြီး ဒီစာအုပ်ကို ၂ဝ၁၇ခုနှစ် Winner Title ဆုလွှဲအပ်ပြီးတဲ့အချိန်မှာ ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here