ဒါရိုက်တာဝိုင်း အတွက် ဇနီးဖြစ်သူပေးတဲ့ မွေးနေ့လက်ဆောင်

0
75

w-2

ဒါရိုက်တာဝိုင်းနဲ့ မအိသဉ္ဇာရှိန်တို့ရဲ့ သားလေးကို ဒီဇင်ဘာလ၂၂ ရက်နေ့ မနက်၆နာရီ ၆မိနစ်က ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ သားလေးက ၆ ပေါင် ၂အောင်စရှိပြီး ပါမောက္ခ ဆရာဝန်ကြီးဒေါက်တာ ဒေါ်ခင်လေြး<ွကယ်နဲ့ ကလေးဆရာ ဝန်ကြီးများက ခွဲစိတ်မွေးဖွားပေးခဲ့ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၂၂ရက်နေ့ကတော့ ဒါရိုက်တာဝိုင်းရဲ့ ၄၃နှစ်ပြည့် မွေးနေ့ဖြစ်သလို ဒါရိုက်တာဝိုင်းနဲ့ မအိသဉ္ဇာရှိန်တို့ရဲ့ တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာပဲနောက်ထပ် မင်္ဂလာရှိစွာနဲ့ သားလေးကိုမွေးဖွားခဲ့တဲ့ အပေါ်ဒါရိုက်တာဝိုင်းက ..

” ဝမ်းသာပါတယ်။ ဒီလိုတိုက်ဆိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ကိုယ့်သားဆိုတော့လည်း တစ်ဘဝလုံးအတွက်တော့ မွေးနေ့ လက်ဆောင်ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့။ ဘယ်နှနှစ်လောက် ဖြစ်မလဲဆိုတာတော့ ဘုရားပဲသိမှာပါ” လို့ ဝမ်းသာပီတိ ဖြစ်ရ ကြောင်း ပြောပါတယ်။ အခုအချိန်မှာတော့ မိခင်ရောကလေးပါ ကျန်းမာလျက်ရှိပြီး ဆေးရုံ က ဒီဇင်ဘာလ၂၅ရက် နေ့မှာဆင်းမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလို မင်္ဂလာတွေ ထပ်ပေါင်းဆင့်နေတဲ့ ဒါရိုက်တာဝိုင်း တို့မိသားစုအတွက် ပရိသတ်တွေကလည်း ဂုဏ်ယူဝမ်းသာဖြစ်ကြသလို ဆုမွန်ကောင်းတွေလည်း တောင်းပေးခဲ့ကြပါတယ်။ အခုလို ပရိသတ်တွေရဲ့မေတ္တာတွေ ရရှိတဲ့ အပေါ်မှာ ဒါရိုက်တာဝိုင်းက ” သူတို့တွေကိုယ့်အပေါ်မှာ မေတ္တာရှိတဲ့အတွက် တအား ဝမ်းသာပါတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ပေးဆပ်မှုမျိုး ဖြစ်အောင်ကြိုးစားနေပါတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-ဝိုင်းဖေ့စ်ဘုတ်


LEAVE A REPLY

Please enter your comment!
Please enter your name here