လန်ဒန်မှာ ကျောင်းတက်နေတဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ စံရတီမိုးမြင့်

1
90

san-yati-moe-myint

စံရတီမိုးမြင့်က မကြာခင်ကပဲ လန်ဒန်မှာ ကျောင်းတက်နေတဲ့ ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။ ချစ်သူနဲ့လမ်းခွဲလိုက်ပေမယ့် သူငယ်ချင်းပုံစံမျိုး ဆက်ဆံမှုတော့ရှိနေမှာဖြစ်ကြောင်းကို စံရတီမိုးမြင့်က ..

” သဲသဲအခု တစ်ယောက်တည်း ဖြစ်သွားပြီ၊ ပြတ်သွားတာ မကြာသေးဘူး၊ အဓိက သဲသဲတို့ လမ်းခွဲလိုက်တယ်ဆိုတာက Long Distance RelationShip ကြောင့်ပါ။ သူလည်း လန်ဒန်မှာကျောင်းတက်နေတာဆိုတော့ အဆင်မပြေလို့ ဒီအတိုင်းပဲ တခြားဟာတော့မရှိဘူး။ ဒါပေမဲ့ နားလည်မှုနဲ့ပဲ သူငယ်ချင်းပုံစံမျိုးတော့ရှိတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးနိုင်တဲ့အရွယ်ရောက်ရင်တော့ ပိုကောင်းတယ်။ ကိုယ်ဆိုလည်း ကိုယ်ကြိုးစား၊ ကိုယ်လုပ်နေရတဲ့ အချိန်၊ သူဆိုလည်း သူကြိုးစားပညာသင် စီးပွားရှာနေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးနိုင်တာ တအားနည်းတယ်။ အချိန်ပေးတာနည်းပြီဆိုလို့ရှိရင် ရင်းနှီးမှုနည်းလာတယ်။ သဲသဲက အသက်၂၆နှစ်ကျော်ရင် အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်။ အဓိက က သစ္စာရှိဖို့လည်း အရေးကြီးပါတယ်” လို့ ပြောပါတယ်။

စံရတီမိုးမြင့်က ဒါရိုက်တာ နန္ဒကျော် ရိုက်ကူးတဲ့ “ကိုပေါ” ရုပ်ရှင်ဇာတ်ကားကြီးကို မြင်းခြံမြို့ရဲ့မိုင်၂ဝ လောက် ကွာဝေးတဲ့ ရွာမှာသွား ရောက်ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ ဒီဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာတော့ အမှတ်တရ များစွာလည်း ရှိခဲ့ကြောင်းကို

” ဒီဇာတ်ကားက အမှတ်တရတွေ အများကြီးပဲ။ သွားရိုက်တဲ့ရွာက မီးမရှိဘူး။ သဲသဲဆို ရွာမှာ မီးမရှိတဲ့အတွက် မြင်းခြံမှာသွားနေတယ်။ မြင်းခြံနဲ့ အဲဒီရွာကို တစ်နေ့ မိုင်၂ဝ လောက်သွားရတယ်။ အသွားအပြန်ဆိုတစ်နေ့ကို မိုင် ၄ဝ လောက်နေ့တိုင်း သွားရိုက်ရတယ်။ စားစရာလည်း မရှိဘူး။ ဒီဇာတ်ကားရဲ့ ပရိုဂျူဆာက အဲဒီရွာကဆို တော့ တစ်ရွာလုံးကလည်း ဝိုင်းကူပေးကြတယ်” လို့ စံရတီ မိုးမြင့်က ပြောပါတယ်။ နောက်ပိုင်းမှာကိုယ့် ဆီလာတဲ့ ဇာတ်လမ်းတွေထဲ မှာမှကိုယ်မလုပ်ဖူးတဲ့ ဇာတ် ရုပ်ကို ဦးစားပေးပို ရွေးဖြစ်နေကြောင်း စံရတီမိုးမြင့်က ပြောပါတယ်။

တွယ်တာ


1 COMMENT

  1. I was curious if you ever considered changing the page layout of your
    blog? Its very well written; I love what youve got to say.
    But maybe you could a little more in the way of content so people could connect
    with it better. Youve got an awful lot of text for only having 1 or 2 images.
    Maybe you could space it out better?

LEAVE A REPLY

Please enter your comment!
Please enter your name here