ပရိသတ်တွေနဲ့အတူပြု လုပ်ခဲ့တဲ့ ထွန်းထွန်းရဲ့ ၃၃နှစ်ပြည့် မွေးနေ့အလှူ

0
190

tun

သရုပ်ဆောင်၊ အဆိုတော်ထွန်း ထွန်းရဲ့ ၃၃နှစ်ပြည့် မွေးနေ့အလှူအဖြစ် We Love Tun Tun Examplez အဖွဲ့မှ ပရိသတ်များနဲ့ အတူ ဒီဇင်ဘာလ၂၄ရက်နေ့ မနက် ၁ဝနာရီက ရှစ်မိုင်မစိုးရိမ်ရွှေကျင်တိုက်သစ်ကျောင်းမှ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး သင်္ကန်းများနဲ့ နဝကမ္မအလှူငွေများ လှူဒါန်းခဲ့ပါတယ်။ We Love Tun Tun Examplez အဖွဲ့မှ ပရိသတ် များကို မဲနှိုက်ရွေးချယ်ပြီး မွေးနေ့အလှူကို ပျော်ရွှင်စွာကျင်းပခဲ့ပါတယ်။

” We love အဖွဲ့နဲ့ မွေးနေ့ အလှူလုပ် တာ ၂နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ နှစ်ကလည်း သူတို့ ကျွန်တော့် မွေးနေ့အလှူကို လာပါတယ်။ ပရိသတ်တွေ နဲ့ကတော့ အမြဲတမ်းတွေ့ဖြစ်ပါတယ်။ ဒီမွေးနေ့ကတော့ ပိုပြီးအမှတ်တရဖြစ်စေတာပေါ့။ ဒါပေမဲ့လည်း ဒီမွေးနေ့ထက် နောက်ထပ်အမှတ် တရဖြစ်စေမယ့်ပွဲတွေမှာလည်း ဆုံဦး မှာပါ။ မွေးနေ့လက်ဆောင်ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများ ကြီးတင်ပါတယ်။ ကျွန်တော်အသက် တစ်နှစ်ကြီးလာလေ အမှတ်တရတွေပိုများလာလေပါပဲ” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ -အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here