ခက်ခဲလေ အလုပ်လုပ်ရတာကို ပို ေ ပ် ာ္ ေ လ ပဲ ပိုင်ဖြိုးသု

0
103

paing-phyo-thu-1

သရုပ်ဆောင်တဲ့အခါမှာ ခက်ခက်ခဲခဲလုပ်ရတာကို ပိုသဘော ကျတယ်လို့ဆိုတဲ့ ပိုင်ဖြိုးသုက ဂေါ်ရင်ဂျီကျွန်းမှာ “လေးပါးကျော့ရှိန် ဝရဇိန်” ရုပ်ရှင်ဇာတ်ကားကို ခက်ခက်ခဲခဲနဲ့ သွားရောက်ရိုက်ကူးဖြစ်ခဲ့ပါတယ်။

” အမှန်အတိုင်းပြောရရင် ဂေါ်ရင်ဂျီကျွန်းထိလိုမျိုးနေရာမျိုးတွေ သွားရောက်ရိုက်ကူးရတာ ပိုတောင်ကြိုက်သေးတယ်။ သုက အိုက် တင်ကလည်း လုပ်ရမယ်။ ခက်ခက်ခဲခဲနေရာတွေမှာ သွားရောက် ရိုက်ကူးရရင် ပိုပျော်တယ်။ အဲဒီတော့မှကိုယ့်စိတ်ထဲမှာ ရုပ်ရှင် ဇာတ်ကားကြီးအတွက် ပိုပြီး ဝီရိယစိုက်ထုတ်လိုက်ရတယ်လို့ ခံစားမိတယ်။ ခက်ခဲလေ အလုပ်လုပ် ရတာကို ပိုပျော်လေပဲ။ ဇာတ်ကား တစ်ကားမှာ ပင်ပင်ပန်းပန်း သရုပ် ဆောင်လိုက်ရမှ ကိုယ့်ကိုယ်ကိုယ် အိုက်တင်လုပ်လိုက်ရတယ်လို့ ခံစားရတယ်။ အဲဒါ ဆိုက်ကိုလိုပဲ။ အေးအေးဆေးဆေးလေး၊ လှလှပပ လေးဝတ်ပြီး ရိုးရိုးအိုက်တင်လုပ်ရရင် ဒီဇာတ်ကားမှာ ငါအိုက် တင် မလုပ်လိုက်ရဘူးလို့ ခံစားရတယ်။ တစ်ကားလုံး ဒရာမာ မဟုတ်ရင်တော့ ကိုယ့်အတွက်လုပ်ကွက်ရမယ့် ဇာတ်ကားတွေကို ရိုက်ကူးရတာ ပိုကြိုက်တယ်” လို့ ပြောပါတယ်။

အနုပညာပျိုးခင်းနဲ့ လက်တွဲလိုက်ပြီးတော့ ပရိသတ်အားပေးမှု တွေ ပိုရလာတဲ့ ပိုင်ဖြိုးသုက ရှေ့ဆက်ပြီးတော့လည်း ပရိသတ်အသိ အမှတ်ပြုတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွား မှာဖြစ်ကြောင်းကိုလည်း ” ဒီနှစ်ထဲမှာ မနှစ်ကထက်စာရင် အခွင့်အရေးတွေ အများကြီးရလာတယ်။ အခွင့်အရေးပေးလာတဲ့ သူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သုကလည်း ပေးလာတဲ့ အခွင့်အရေးတိုင်းမှာ ကိုယ်ဥာဏ်စွမ်း ရှိသလောက် အမြဲတမ်းကြိုးစား ပါတယ်။ ရှေ့ဆက်ပြီးလည်း ရိုက်ကူးဖို့ပြော ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေရှိတယ်။ မတူတဲ့ ဇာတ်ရုပ်လေး တွေ လုပ်ခွင့်ရတဲ့အတွက် သုဘက်က တာဝန်ကျေအောင် အ တတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ပရိသတ်တွေက အသိမှတ် ပြုတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် အမြဲတမ်းကြိုးစားသွားပါမယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here