Tuesday, August 11, 2026

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ ကွယ်လွန်သူ...

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone Phomvihane ကွယ်လွန်သွားခဲ့သည့်အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း...

မြစ်ရေများ ဆက်လက်မြင့်တက်နေ

မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့ရှိ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားကြရန် သတိပေး နေပြည်တော်၊ ဩဂုတ်-၁၁ မြန်မာနိုင်ငံရှိ မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး...

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀...

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိ တိုးလာပြီး ရာနဲ့ချီ ဒဏ်ရာရသွားတယ်လို့ အသင်းအဖွဲ့တစ်ခုက ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီနိုင်ငံမှာ...
HomeNewsLocal Newsချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇(F)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြား၌ မကြည်ကြည်အေး(ခ)မကြည်အေး(ခ)အမိုးနှင့် မနန်းမြရင်(ခ)အေးငြိမ်းတို့အား ရောင်စုံပလတ်စတစ်ဆပ်ပြာခွက်(၆,၆၀၀)ခွက်ဖြင့်ထည့်ထားသည့် ငွေကျပ် (၁ ဒသမ ၄၈၅)ဘီလီယံတမ်ဖိုးရှိ ဘိန်းဖြူ(၅၉ ဒသမ ၄)ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဖမ်းဆီးရမိခဲ့သော ဘိန်းဖြူများကို လွှဲပြောင်းပေးခဲ့သူမှာ ကျောက်မဲမြို့နေ စိုင်းနော်ခမ်းနှင့် လားရှိုးမြို့မှ မန္တလေးမြိုသို့ ပို့ဆောင်ရောင်းချသူမှာ လားရှိုးမြို့နယ်နေ အန်ဇန်တို့ဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိရေးအတွက်ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိသူများနှင့် ဆက်လက်ဖမ်းဆီးရမိရေးဆောင်ရွက်နေသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကာ ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ ကွယ်လွန်သူ လာအို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအတွက် ဝမ်းနည်းစွာ ဂါရဝပြု

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone Phomvihane ကွယ်လွန်သွားခဲ့သည့်အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင်သည် အထွေထွေအတွင်းရေးမှူးနှင့်အတူ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံးသို့ သွားရောက်ကာ ဂါရဝပြု ဝမ်းနည်းကြောင်း မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ဝမ်းနည်းကြောင်း မှတ်တမ်းရေးထိုးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့် သံရုံးအရာထမ်းများရှေ့မှောက်၌ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့က လာအို-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အရေးပါသော ခေါင်းဆောင်တစ်ဦး...

မြစ်ရေများ ဆက်လက်မြင့်တက်နေ

မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့ရှိ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားကြရန် သတိပေး နေပြည်တော်၊ ဩဂုတ်-၁၁ မြန်မာနိုင်ငံရှိ မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့များတွင် မြစ်ရေသည် သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရသည်။ ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး...

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀ ဟာ သတ်မှတ်စည်းကမ်းနှင့်မညီဟု ထိုင်းနိုင်ငံ စားသုံးသူများကောင်စီဆို

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က ထောက်ပြလိုက်ပါတယ်။ ဥပဒေအရဆိုရင် အမြင့် ၂၃ မီတာအထက် ဒါမှမဟုတ် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၀,၀၀၀ ထက်ကျော်တဲ့ အဆောက်အအုံတွေဆိုရင် မီးသတ်ကားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ကားတွေ ဝင်ထွက်နိုင်ဖို့ အဆောက်အအုံ ပတ်လည်မှာ အနည်းဆုံး ၆ မီတာ အကျယ်ရှိတဲ့ လမ်း ရှိကိုရှိရမှာပါ။ ပတ်လည်လမ်းတွေ ကျဉ်းနေမယ်ဆိုရင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071