ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ရေထူးပေါက် စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့ပြီး မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၈၃၀ (လူဦးရေ ၂,၉၆၀) ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးရှောင်စခန်း ၁၈ ခု ဖွင့်လှစ်ပေးထားရပြီး ရေဝင်ရောက်သည့် စာသင်ကျောင်း ၆ ကျောင်းကိုလည်း ယာယီပိတ်ထားရသည်။
ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများထံ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန်နှင့် ထမင်းဘူး အပါအဝင် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ကူညီပေးအပ်ခဲ့ပြီး ဒေသခံ စေတနာရှင်များကလည်း နေ့စဉ် အလှူငွေနှင့် စားနပ်ရိက္ခာများ လှူဒါန်းပေးလျက်ရှိသည်။
