အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး ကျူးလွန်ခဲ့သည့် စာသင်ကျောင်းပ-စ်ခတ်မှုနောက်ကွယ်မှ စေ့ဆော်မှုသည် ရာဇဝတ်မှုဆိုင်ရာရည်ရွယ်ချက်ထက် ကြီးမားသော စိတ်ဖိစီးမှုကြောင့် ဖြစ်ရကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြည်ပမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး ေ-သနတ်ထိန်းချုပ် ဥပဒေများကို ပိုမိုတင်းကျပ်သွားရန်နှင့် ကျောင်းဝင်းလုံခြုံရေးကို မြှင့်တင်ရန် အစီအစဉ်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။
လူငယ်၏ လုပ်ရပ်များအတွက် အရင်းခံအကြောင်းများစွာရှိပြီး နာတာရှည် စိတ်ဖိစီးမှုသည် အဓိကအကြောင်းရင်းဖြစ်သည်ဟု အနူတင်က ထုတ်ဖော်ပြောဆိုသည်။
အများပြည်သူဆိုင်ရာ ေ-သနတ်ကိုင်ဆောင်ခွင့်ကို လက်ရှိကန့်သတ်ချက်များသည် ယခုကဲ့သို့ ကြေကွဲဖွယ်ဖြစ်ရပ်မျိုးကို အဘယ်ကြောင့် မကာကွယ်နိုင်ဖြစ်ခဲ့ရသနည်းဟု မေးမြန်းခဲ့ရာတွင် အများပြည်သူဆိုင်ရာနေရာများတွင် လက်နက်ကိုင်ဆောင်ခြင်းသည် ထိုင်းဥပဒေအရ တရားမဝင်သတ်မှတ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့ပြီး ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု နောက်ဆုံးရလဒ်များကို စောင့်ဆိုင်းပေးရန် တိုက်တွန်းခဲ့သည်။
ပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က ေ-သနတ်ပိုင်ဆိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်ရန်နှင့် အများပြည်သူ ကိုင်ဆောင်ခွင့်များကို ကန့်သတ်ရန် ၎င်း၏လုပ်ဆောင်ခဲ့မှုများကို မီးမောင်းထိုးပြခဲ့ပြီး လက်ရှိရေးဆွဲနေသော ပိုမိုပြည့်စုံပြီး တင်းကျပ်သော ေ-သနတ်ထိန်းချုပ်ရေးဥပဒေသစ်ကို ပြဌာန်းမည့် ၎င်း၏ ဝန်ကြီးချုပ် အနေဖြင့် ပေးသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
ကျူးလွန်သူသည် ဝါရင့်သမ္ဘာရင့် ရာဇဝတ်သားမျိုးမဟုတ်ဘဲ စိတ်ခံစားမှုဖိအားကို ကာလကြာရှည် ခံစားနေခဲ့ရသော ကလေးသူငယ်ရာဇဝတ်သား သာဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
မိဘများ၏ ယုံကြည်စိတ်ချမှုကို ပြန်လည်ရရှိရန်အလို့ငှာ ကျောင်းဝင်းအတွင်းသို့ လက်နက်ယူဆောင်လာခြင်းများကို ကာကွယ်ရန်အတွက် ပညာရေးအဖွဲ့အစည်းများတွင် လုံခြုံရေးနှင့် စစ်ဆေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မြှင့်တင်သွားရန် အနူတင်က တောင်းဆိုခဲ့သည်။
Ref: ထိုင်းပီဘီအက်စ်ဝေါလ်
