Sunday, August 9, 2026

Photo News

ယနေ့ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်း အချိန် ၌ ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ကွင်းအတွင်း ကျင်းပပြုလုပ်သည့် MLWC-11 ပွဲအတွက် လာရောက်အားပေးကြသည့်...

ရန်ကုန်တွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်း အခမဲ့ဖွင့်လှစ်မည်

ရန်ကုန်၊ သြဂုတ် ၉ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်းကို ဩဂုတ် ၁၈ ရက်မှ ဩဂုတ်လကုန်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း...

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉)...

ရန်ကုန်၊ သြဂုတ်-၉ မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီနှင့် ခြေစွမ်းကောင်းပြသနေသည့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ ညနေ ၄...

အစိုးရအနေဖြင့် မူလအခြေအနေအတိုင်းနီးပါးပြန် လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှကူညီပေးသွားမည်ဟု...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်နေသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ စောင့်ရှောက်မှုများပြုလုပ်ပေးထားလျက်ရှိကြောင်း သိရသည်။ ထိုသို့ စောင့်ရှောက်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၉...
HomeNewsLocal Newsစစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန်...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀ ကျော် သင်္ဘောများဖြင့် ရောက်ရှိ၊ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ၊ ဩဂုတ် ၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄ စီး ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်တင်သင်္ဘောများဖြစ်သည့် အမ်ဗွီ ရဲထွန်းအောင် (၂)၊ အမ်ဗွီ ရွှေပိုင်ဖြိုး၊ အမ်ဗွီ အောင်ရတနာဌေး နှင့် အမ်ဗွီ တော်ဝင်သီရိ သင်္ဘောများတွင် စားသောက်ကုန် တန်ချိန်ပေါင်း ၃,၆၅၀ ကျော် ပါဝင်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများ စနစ်တကျ အတင်အချပြုလုပ်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံး ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် လေလွင့်ပျက်စီးမှု မရှိစေရေးတို့ကို မှာကြားခဲ့သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကုလားတန်မြစ်ကြောင်းအတွင်း သောင်တူးဖော်ရေးလုပ်ငန်းများနှင့် စစ်တွေတိုင်းရင်းဆေးရုံတို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Photo News

ယနေ့ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်း အချိန် ၌ ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ကွင်းအတွင်း ကျင်းပပြုလုပ်သည့် MLWC-11 ပွဲအတွက် လာရောက်အားပေးကြသည့် ရိုးရာလက်ဝှေ့ ပရိတ်သတ်အချို့၏ မြင် ကွင်းပုံရိပ် ဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲတွင် အလဲထိုးစနစ်ကို အဓိ ကအသုံးပြုမည်ဖြစ်ပြီး မျိုးဆက်သစ်လူငယ်လက်ဝှေ့သမားများနှင့် ဝါရင့်ချန် ပီယံများ ပါဝင်သည့် တွဲဆိုင်းခြောက်ဆိုင်းကို စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်တွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်း အခမဲ့ဖွင့်လှစ်မည်

ရန်ကုန်၊ သြဂုတ် ၉ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်းကို ဩဂုတ် ၁၈ ရက်မှ ဩဂုတ်လကုန်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Yuanyi International Dance Academy (YIDA- Beijing Dance Academy မြန်မာနိုင်ငံ ပြည်ပစစ်ဆေးမှုဌာန) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး တရုတ်ရိုးရာအကပညာရှင် ဆရာမများက အကကိုယ်ဟန်နှင့် လှုပ်ရှားမှုများကို စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း တရုတ်ရိုးရာအကကို...

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် ဧရာဝတီအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်တို့ ယနေ့ ညနေ ယှဉ်ပြိုင်မည်

ရန်ကုန်၊ သြဂုတ်-၉ မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီနှင့် ခြေစွမ်းကောင်းပြသနေသည့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအနေ ဖြင့် အမှတ်ပေးဇယားထိပ်ပိုင်းတွင် ဦး ဆောင်နေသည့် ISPE အသင်းကို ဆက်လက်ဖိအားပေးနိုင်ရန်အတွက် အဆိုပါပွဲစဉ်တွင် အနိုင်ရရှိရေး ကြိုးပမ်းရမည်ဖြစ်ပြီး၊ တိုက်စစ်ပိုင်းတွင် အဓိကကစားသမားများ ပြန်လည်စုံလင်လာသည့်အတွက် အသင်းအနေဖြင့် အင်အားပြည့်ဖြင့် ပွဲထွက်လာဖွယ်ရှိသည်။ တစ်ဖက်တွင် ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးကစားခဲ့သည့် (၇) ပွဲဆက်တိုက် ရှုံးပွဲမရှိသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071