ယနေ့ ဩဂုတ် ၉ ရက် မွန်းလွဲပိုင်း အချိန် ၌ ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ကွင်းအတွင်း ကျင်းပပြုလုပ်သည့် MLWC-11 ပွဲအတွက် လာရောက်အားပေးကြသည့် ရိုးရာလက်ဝှေ့ ပရိတ်သတ်အချို့၏ မြင် ကွင်းပုံရိပ် ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲတွင် အလဲထိုးစနစ်ကို အဓိ ကအသုံးပြုမည်ဖြစ်ပြီး မျိုးဆက်သစ်လူငယ်လက်ဝှေ့သမားများနှင့် ဝါရင့်ချန် ပီယံများ ပါဝင်သည့် တွဲဆိုင်းခြောက်ဆိုင်းကို စီစဉ်ထားကြောင်း သိရသည်။
