Friday, August 7, 2026

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ...

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်...

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeNewsLocal Newsလက်ရှိဘဏ္ဍာနှစ် လေးလအတွင်း GACC...

လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း GACC နည်းလမ်းဖြင့် တရုတ်နိုင်ငံသို့ မြန်မာ့ရေထွက်ကုန် တန်ချိန် ၂၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့

​​မြန်မာ-တရုတ် နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီချက်အရ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နည်းလမ်းဖြင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်တင်ပို့လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ ၄ လတာကာလအတွင်း တန်ချိန် ၂၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။​

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝနှင့် မွေးမြူရေး ရေထွက်ကုန်များကို GACC နည်းလမ်းဖြင့် တင်ပို့နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် နှစ်နိုင်ငံအစိုးရအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။​

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရေထွက်ကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၆၉,၆၇၄.၆၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၄.၅၄၄ သန်း တင်ပို့နိုင်ခဲ့သည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ဧပြီ လမှ ဇူလိုင်လအထိ တန်ချိန် ၂၁,၀၂၁.၈၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇.၅၅၉ သန်းဖိုး တင်ပို့ထားပြီးဖြစ်သည်။

​​လက်ရှိတွင် GACC နည်းလမ်းအရ အထူးခွင့်ပြုချက်ရရှိထားသည့် စက်ရုံ၊ အလုပ်ရုံများနှင့် မွေးမြူရေးကန်များမှာ ရေထွက်ကုန် စက်ရုံ ၈၉ ရုံ၊ အရှင်သိုလှောင်ရုံ (Warehouse) ၂၉ ရုံ၊ ငါးမှုန့်စက်ရုံ  ၇ ရုံ၊ မွေးမြူရေးကန် – ၄ ကန် တို့ ဖြစ်ကြသည်။

​​ထို့​​ပြင် သဘာဝအတိုင်း ဖမ်းဆီးရမိသည့် ရေချို/ရေငန် ငါး၊ ပုစွန်၊ ဂဏန်းများ၊ ငါးမှုန့်နှင့် အစာများကို အရှင်တင်ပို့ခြင်း၊ ရေခဲရိုက်တင်ပို့ခြင်း၊ အေးခဲ ပုံစံဖြင့် တင်ပို့ခြင်း၊ ပုစွန်ခြောက် အစရှိသည့် အခြောက်ပြုလုပ် တင်ပို့ခြင်းနှင့် ပြုတ်ပြီး တင်ပို့ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် တင်ပို့လျက်ရှိသည်။​

အဆိုပါ ရေထွက်ကုန်များကို ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလိုင်းများမှတစ်ဆင့် တရုတ်နိုင်ငံရှိ ကွမ်ကျိုး၊ နန်နင်း၊ ယူနန်၊ ကွမ်မင်း၊ ချုံချင့်၊ ရှန်တူး၊ ဇန်ကန်၊ ကွမ်တောင်း၊ မာရိုမာ၊ ရှန်ဟိုင်း၊ နန်ချားနှင့် ရီယန်ကျင်း စသည့် မြို့ကြီးများသို့ အဓိက တင်ပို့လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းသိန်း၏ ပြောကြားချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာကြား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကြို တင်ပြင်ဆင်ထားကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌မှာကြားခဲ့ကြောင်း သိရသည်။ ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာကြိုတင်ပို့ဆောင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများကို ကြိုတင်စုဆောင်းထားရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်က တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်းစာရင်းများအတွက်...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိသည့် အမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး ပြီးပြတ်အောင်...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့သာယာလှပရေး စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာမှ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိ လမ်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများမှာ သလ္လာဝတီလမ်းတွင် ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသကဲ့သို့ ဇေယျဝတီလမ်းတွင် လက်ရှိ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071