ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ စာ ရေးကွင်းကျေးရွာ၏ ရွာဦးဘုန်းကြီး ကျောင်းတွင် ယာယီရေဘေးကယ် ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့်သူ(၈,၃၈၂)ဦးကိုစောင့်ရှောက်ပေးထားကြောင်း သိရသည်။
အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒု တိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တို့က ယနေ့ သြဂုတ် ၁ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥ၊ ရေသန့်၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့က စားသောက်ဖွယ်ရာများကိုထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လေးမျက်နှာမြို့ပေါ် ရပ်ကွက်နေရာများတွင် လူနေအိမ်များအတွင်းရေဝင်ရောက်မှု၊ သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်သူများအား ဘေးလွတ်ရာရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်း ငဝန်တာမြစ်ရေကာတာ ၏ မိုင်တိုင်အမှတ် ၂၅/၃ ၌ သဲဗွက်တစ်ခုဖြစ်ပွားရာမှ တာအလျားပေ(၃၀)ခန့်တွင် (၅)ပေနိမ့်ဆင်းပြီး အ ကျယ်(၁၇၀)ပေကျိုးပေါက်ကာ မြို့နယ်အတွင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
