ပါရီ၊ ဩဂုတ် ၁
ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang (MLBB) Mid-Season Cup (MSC) ဗိုလ်လုပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဒုတိယဆု (Runners-up) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲစဉ် (Grand Finals) တွင် Yangon Galacticos အသင်းသည် ရုရှားနိုင်ငံအခြေစိုက် Team Spirit အသင်းနှင့် Best of 7 (BO7) စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်အပြီးတွင် (၄ – ၃ ) ရလဒ်ဖြင့် ရှုံးနိမ့်ကာ ဒုတိယဆု ရရှိခဲ့ခြင်း ဖြစ်သည်။
Yangon Galacticos အသင်းသည် အုပ်စုအဆင့်မှစ၍ ရှုံးပွဲမရှိဘဲ အဆင့်ဆင့်တက်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ကွာတားဖိုင်နယ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports အသင်းကို ၃-၀ ဂိမ်းဖြင့်လည်းကောင်း၊ ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Team Falcons PH အသင်းကို ၃-၂ ဂိမ်းဖြင့်လည်းကောင်း အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
Photo – MSL Myanmar
