တရုတ်၊ဇူလိုင်-၂၂
မြန်မာ့လက်ရွေးစင် Heyball အားကစားသမား ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံ ၌ ကျင်းပခဲ့သည့် 2026 Heyball Mast ers Tour နိုင်ငံတကာပြိုင်ပွဲတွင် 1st Run ner-up (ဒုတိယဆု) ရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာရာ အားကစားတာဝန်ရှိသူများနှင့် ဘိလိယက်အသိုင်း အဝိုင်းက ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Henan ပြည်နယ်၊ Zhengzhou မြို့တွင် ဇူလိုင် ၁ ရက်မှ ၁၇ ရက်အထိ ကျင်း ပခဲ့ခြင်းဖြစ်ပြီး ဘုန်းမြင့်ကျော်သည် Qualifying အဆင့်မှစတင်ကာ ဖိလစ်ပိုင်၊ ဗြိတိန်၊ အိန္ဒိယ၊ ကိုရီးယားနှင့် အိမ်ရှင်တ ရုတ်နိုင်ငံတို့မှ နာမည်ကြီးကစားသမားများကို အနိုင်ယူကာဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲတွင် အိမ်ရှင်တရုတ်နိုင်ငံမှ က စားသမားနှင့်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးတွင် ဒုတိယဆုဆွတ်ခူးရရှိခဲ့သည်။
ယင်းပြိုင်ပွဲ၌ ချန်ပီယံဆုကို တရုတ်နိုင်ငံက ရရှိခဲ့ပြီး မြန်မာနိုင်ငံက ဒုတိယဆု၊ ပူးတွဲတတိယဆုကို တရုတ်နိုင်ငံကပင် ရရှိခဲ့ကြောင်း သိရသည်။
ဘုန်းမြင့်ကျော်သည် ဇူလိုင် ၂၀ ရက် ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် UB018 လေ ယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ သင်တန်းသား၊ သင်တန်းသူများက လေဆိပ်တွင် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
