Home News Local News ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ ၇၆ လုံး ဖြိုချဖျ-က်ဆီးပြီး၊ တစ်လုံးသာ ကျန်ရှိ

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ ၇၆ လုံး ဖြိုချဖျ-က်ဆီးပြီး၊ တစ်လုံးသာ ကျန်ရှိ

0
69

နေပြည်တော်၊ ဇူလိုင် ၂၃

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စနစ်တကျ ဖြိုချဖျ-က်ဆီးလျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖျ-က်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ တစ်လုံးသာ ရှိတော့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျ ဖောက်ခွဲဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံစုစုပေါင်း (၇၇) လုံးအနက် (၅၇) လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးရန်နှင့် (၂၀) လုံးကို ဖေ-ာက်ခွဲဖျ-က်ဆီးရန် အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအနက် ဖေ-ာက်ခွဲဖျ-က်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ (၂၀) လုံးတွင် ပါဝင်သည့် ၁၇ ထပ် အဆောက်အအုံတစ်လုံးကို ထပ်မံဖေ-ာက်ခွဲဖျ-က်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် ဇူလိုင် ၂၂ ရက်အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း (၇၆) လုံးကို စနစ်တကျ ဖြိုချဖျ-က်ဆီးပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ (၁) လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျ-က်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here