Thursday, July 23, 2026

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား...

ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀...

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ...

နေပြည်တော်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက...

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့်...

နေပြည်တော်၊ ဇူလိုင် ၂၃ လက်ရှိကြုံတွေ့နေရသည့် စားသောက်ကုန်နှင့် အခြေခံစားသုံးကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကဏ္ဍအလိုက်...

သံတောင်ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ...

နေပြည်တော်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် သံတောင်၊ ဘောဂလိနှင့် လိပ်သိုဒေသများမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလျက်ရှိကြောင်း စီးပွားရေးနှင့်...
HomeNewsLocal Newsခန္တီးမြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုများနှင့်ပတ်သက်၍ လွှတ်တော်တွင်...

ခန္တီးမြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုများနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးမြန်း၊ ဥပဒေကျော်လွန်ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူမည်ဟု ဒုတိယဝန်ကြီးပြော

နေပြည်တော်၊ ဇူလိုင် ၂၃

ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများကို ကျော်လွန်၍ ဆောင်ရွက်နေသည်ဟုဆိုသည့် ကိစ္စများကို မည်သို့ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။

ဦးဂုဏ်ဝမ်းက ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း ခန္တီးမြို့နယ်၌ ဥပဒေနှင့်မညီသည့် အတင်းအဓမ္မဖမ်းဆီးမှုများ ရှိနေကြောင်း တွေ့ရှိရသည်ဟု လွှတ်တော်တွင် တင်ပြခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ၂၀၂၆ ခုနှစ် မေ ၉ ရက်မှ ၁၃ ရက်အတွင်း ပြည်သူ့စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည်ဟု တင်ပြထားသည့် လူ(၉)ဦး၏ အခြေအနေကို စိစစ်ခဲ့ကြောင်း ပြောကြားသည်။

စိစစ်ချက်အရ ဦးဆားပါ၊ ဦးဖိုးချစ်လုံး၊ ဦးနောင်မိုင်နှင့် ဦးဇော်ဝင်းတို့ (၄)ဦးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများအရ စစ်မှုထမ်းရမည့်သူများဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅)တွင် တက်ရောက်လျက်ရှိကြောင်း၊ ကျန် (၅)ဦးအနက် ဦးသီဟစိုးမှာ သတ်မှတ်အသက်ကျော်လွန်နေသူဖြစ်ပြီး ဦးသန်းထွန်းအောင်၊ ဦးရှိန်မင်းအောင်နှင့် ဦးမင်းသန့်တို့မှာ ကျောင်းသားများဖြစ်ကြောင်း၊ ဦးဉာဏ်မြင့်လှိုင်မှာ မိဘအိုများကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်သဖြင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီးက အဆိုပါ (၉)ဦးမှာ ပုံစံ(၁) အမည်စာရင်းတွင် ပါဝင်သူများဖြစ်ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပုံစံ(၂)ဖြင့် ဥပဒေနှင့်အညီ ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်အနေဖြင့် ဥပဒေနှင့်မညီသည့် ဆင့်ခေါ်မှုများ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်၍ ဆောင်ရွက်မှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ လူဦးရေ ၄၃,၀၅၃ ဦးခန့်ရှိသည့် ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ထားသည့် လူဦးရေခွဲတမ်းအရ အပတ်စဉ် (၆) ဦးနှုန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား ထောက်ပံ့ကြေး ပေးအပ်

ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀ ကို ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၂ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ကြေးပေးအပ်မှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ ကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အမှာစကားပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်...

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ ၇၆ လုံး ဖြိုချဖျ-က်ဆီးပြီး၊ တစ်လုံးသာ ကျန်ရှိ

နေပြည်တော်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စနစ်တကျ ဖြိုချဖျ-က်ဆီးလျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖျ-က်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ တစ်လုံးသာ ရှိတော့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျ ဖောက်ခွဲဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံစုစုပေါင်း (၇၇) လုံးအနက် (၅၇) လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးရန်နှင့်...

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဒုတိယဝန်ကြီးရှင်းလင်း

နေပြည်တော်၊ ဇူလိုင် ၂၃ လက်ရှိကြုံတွေ့နေရသည့် စားသောက်ကုန်နှင့် အခြေခံစားသုံးကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကဏ္ဍအလိုက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးတင့်ဝေက လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အခြေခံစားသောက်ကုန်၊ စားသုံးဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071