Thursday, July 23, 2026

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား...

ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀...

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ...

နေပြည်တော်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက...

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့်...

နေပြည်တော်၊ ဇူလိုင် ၂၃ လက်ရှိကြုံတွေ့နေရသည့် စားသောက်ကုန်နှင့် အခြေခံစားသုံးကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကဏ္ဍအလိုက်...

ခန္တီးမြို့နယ်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုများနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးမြန်း၊...

နေပြည်တော်၊ ဇူလိုင် ၂၃ ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများကို ကျော်လွန်၍ ဆောင်ရွက်နေသည်ဟုဆိုသည့် ကိစ္စများကို မည်သို့ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက...
HomeNewsLocal Newsဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈)...

ဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈) ရုံး ဖွင့်လှစ်၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်း (၁၃၉၇) ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေ

ဖလမ်း၊ဇူလိုင်-၂၂

ဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈) ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်းနှင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၁၃၉၇) ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်း ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီမှ သိရသည်။

ဖလမ်းမြို့ရှိ ဌာနဆိုင်ရာ ရုံးများဖြစ်သော မီးသတ်တပ်ဖွဲ့ရုံး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အမှုထမ်း၊ အရာထမ်း တို့၏ ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးဦးမျိုးမြင့်က ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုရာတွင် ရုံးများ၊ ဆေးရုံနှင့် ကျောင်းများ၊ အဆောက်အဦများ ပြန်လည်ပြုပြင်/ တည်ဆောက်ခြင်းလုပ်ငန်းများ အပြင်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သို့ လာရောက်ပြီး နေရာအနှံ့သွားရောက်၍ အောက်ခြေအထိ အသေးစိပ်မြေပြင်ကွင်းဆင်းဆောင်ရွက်‌ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား ထောက်ပံ့ကြေး ပေးအပ်

ပဲခူး၊ ဇူလိုင် ၂၃ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀ ကို ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၂ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ကြေးပေးအပ်မှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ ကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အမှာစကားပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်...

ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းနှင့် ဆက်စပ် တရားမဝင်အဆောက်အအုံ ၇၆ လုံး ဖြိုချဖျ-က်ဆီးပြီး၊ တစ်လုံးသာ ကျန်ရှိ

နေပြည်တော်၊ ဇူလိုင် ၂၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အခြေချလည်ပတ်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စနစ်တကျ ဖြိုချဖျ-က်ဆီးလျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖျ-က်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ တစ်လုံးသာ ရှိတော့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျ ဖောက်ခွဲဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံစုစုပေါင်း (၇၇) လုံးအနက် (၅၇) လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးရန်နှင့်...

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဒုတိယဝန်ကြီးရှင်းလင်း

နေပြည်တော်၊ ဇူလိုင် ၂၃ လက်ရှိကြုံတွေ့နေရသည့် စားသောက်ကုန်နှင့် အခြေခံစားသုံးကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကဏ္ဍအလိုက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးတင့်ဝေက လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အခြေခံစားသောက်ကုန်၊ စားသုံးဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071