Home International ထိုင်းက AI ကဏ္ဍတွင် တရုတ်နှင့် ဆက်ဆံရေး မြှင့်တင်မည်

ထိုင်းက AI ကဏ္ဍတွင် တရုတ်နှင့် ဆက်ဆံရေး မြှင့်တင်မည်

0
110

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုမှတဆင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေနေပြီး ၎င်းတွင် ညဏ်ရည်တု AI ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသော စွမ်းအင်နှင့် အခြား အနာဂတ်စက်မှုလုပ်ငန်းများကို အဓိကထားလျက်ရှိသည်။
       
တရုတ်နိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီချုပ် အနူတင် ချန်ဗီရာကူလ်သည် ကြာသပတေးနေ့က ရှန်ဟိုင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။
     
ဆွေးနွေးပွဲများသည် နယ်ပယ်ကျယ်ပြန့်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်ဒီရက်က ပြောကြားခဲ့သည်။
      
ထိုင်းနှင့် တရုတ်နိုင်ငံသည် တစ်မိသားစုတည်း ဖြစ်ကြောင်း မစ္စတာရှီက ထပ်လောင်းအတည်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေရန် ထိုင်းအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
         
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ AI၊ ဆန်းသစ်တီထွင်မှု၊ အနာဂတ်စက်မှုလုပ်ငန်းများနှင့် ဒေသတွင်း လုံခြုံရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်။
         
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ရှေးအကျဆုံးနှင့် အယုံကြည်ရဆုံး မိတ်ဖက်များထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် အနာဂတ်စီးပွားရေးကို ပုံဖော်နေသည့် ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသင့်ကြောင်း မစ္စတာ အနူတင်က ပြောကြားခဲ့သည်။
      
လာမည့်ဆယ်စုနှစ်အတွင်း AI သည် နိုင်ငံအဆင့် ယှဉ်ပြိုင်နိုင်စွမ်း၏ အဓိကမောင်းနှင်အားတစ်ခု ဖြစ်လာမည်ဟု ၎င်းက ပြောကြားခဲ့ပြီး အွန်လိုင်းရာဇဝတ်မှု၊ ရာသီဥတု ပြောင်းလဲမှုကဲ့သို့သော စိန်ခေါ်မှုများကို ဖြေရှင်းလျက် အကျိုးကျေးဇူးအများဆုံး ရရှိစေရန် AI နည်းပညာ၊ အလုပ်သမားစွမ်းရည်နှင့် အုပ်ချုပ်မှုဆိုင်ရာ မူဘောင်များကို ပူးတွဲဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ဝန်ကြီးချုပ်က အဆိုပြုခဲ့သည်။
      
အရည်အသွေးမြင့်အလုပ်အကိုင်များ ဖန်တီးပေးရန်နှင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ထိပ်တန်းတရုတ်နည်းပညာကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရေးအခြေစိုက်စခန်းများနှင့် ဒေသဆိုင်ရာ ဌာနချုပ်များ တည်ထောင်ရန်၊ ထောက်ပံ့ရေးကွင်းဆက်များကို အားကောင်းစေရန်၊ ဒေသခံအရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းကုန်ကြမ်းများကို တိုးမြှင့်အသုံးပြုရန် ဖိတ်ခေါ်ခဲ့သည်။
        
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးကို လွယ်ကူချောမွေ့စေရန်အတွက် ဒေသတွင်း ရထားလမ်းဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကုန်းလမ်း၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးကွန်ရက်များတွင် ချိတ်ဆက်မှုကို အရှိန်မြှင့်တင်ရန် အစိုးရနှစ်ရပ်စလုံးက သဘောတူညီခဲ့ကြသည်။

Ref: ဘန်ကောက်ပို့စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here