ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၌ ယနေ့ ဇူလိုင် ၁၇ ရက်ည ၆ နာရီကျော်ခန့်က ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မိုင်တိုင်အမှတ် ၃၀/၁ နှင့် ၃၀/၂ ကြားအရောက် လမ်းဘေးရေမြောင်းထဲထိုးကျကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာ၌ ေ-သဆုံးသွားခဲ့သဖြင့် ဆားမလောက်ကျေးရွာမှ လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းက ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
