ရန်ကုန်၊ ဇူလိုင်-၁၇
ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့သော ကြိုးဟောင်းများကို ယနေ့ (ဇူလိုင် ၁၇ ရက်) မွန်းလွဲပိုင်းက စတင်ရှင်းလင်းဖယ်ရှားနေကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးစဉ် လမ်းသွားလမ်းလာများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကြိုးများ စနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဝန်ကြီးက တာဝန်ရှိသူများကို ပြောကြားခဲ့သည်။
photo:Yangon Region Government News
