အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဉ်သစ်ကို ဇူလိုင် (၁၈)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။
ထို့ပြင် မန်းရတနာပုံလေကြောင်းလိုင်းသည်လည်း ရန်ကုန်-အနီးစခန်း (ပြင်ဦးလွင်) ခရီးစဉ်ကို ဇူလိုင် ၁၇ ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း ပြေးဆွဲမည်ဖြစ်သည်။
ရန်ကုန်မှ အနီးစခန်းသို့ လက်မှတ်ခမှာ ကျပ် ၃၀၄,၀၀၀ ဖြစ်ကာ အနီးစခန်းမှ ရန်ကုန်သို့ လက်မှတ်ခမှာ ကျပ် ၂၉၄,၀၀၀ ဖြစ်ကြောင်း သိရသည်။
အလားတူ ကျိုင်းတုံ-အနီးစခန်းနှင့် အနီးစခန်း-ကျိုင်းတုံ ခရီးစဉ်များကို ဇူလိုင် ၂၄ ရက်မှစတင်၍ ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၄၁၆,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ဟဲဟိုး-အနီးစခန်းနှင့် အနီးစခန်း-ဟဲဟိုး ခရီးစဉ်များအတွက် လက်မှတ်ခကို ကျပ် ၂၆၄,၀၀၀ သတ်မှတ်ထားကြောင်းလည်း သိရသည်။
ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကို အခြေပြု၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း၊ Air Thanlwin၊ မန်းရတနာပုံလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) အပါအဝင် လေကြောင်းလိုင်း (၅) လိုင်းက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တာချီလိတ်နှင့် ဟဲဟိုးမြို့တို့သို့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့တို့တွင် တိုက်ရိုက်ပုံမှန် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
