Friday, July 17, 2026

ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည် ဆိပ်ကမ်းတည်ဆောက်ပေးရန်...

ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်မှာ လတ်တလော အစီအစဉ်မရှိသေးကြောင်းနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက ပူးပေါင်းဆောင်ရွက်ပေးမည်ဟု ဆို နေပြည်တော်၊ ဇူလိုင်-၁၇ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု...

အင်္ဂလန်နှင့်ပွဲအပြီးတွင် အာဂျင်တီးနားကစားသမားများက ဖောက်ကလန်အလံကို ဝှေ့ယမ်းခဲ့

ဗုဒ္ဓဟူးနေ့က အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အာဂျင်တီးနားကစားသမားများက “Las Malvinnas Son Argentinas” (ဖောက်ကလန်သည်...

သပိတ်ကျင်းမြို့ အနီးကို ဗဟိုပြု၍ ၅.၃...

သပိတ်ကျင်း၊ ဇူလိုင်-၁၇ ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ...

မြန်မာ့စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်...

နေပြည်တော်၊ ဇူလိုင်-၁၆ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Mr. Norimasa...
HomeMoviesကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ...

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြော

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်‌ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတောင်တန်းသစ်တောဒေသစနစ်တည်ရှိရာဒေသတွင် နိုင်ငံဧရိယာ၏ (၂ ဒသမ ၅၉)ရာခိုင်နှုန်းဖြစ်သော ဧက(၄ ဒသမ ၃) သန်းအား သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုအဖြစ် သတ်မှတ်ထူထောင်ထားသည်ဟု ပြောသည်။

ယင်း သစ်တောကြီးများ၌ အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများကိုလက်ခံထိန်းသိမ်းပေးထားပြီး အချို့အစိတ်အပိုင်းများမှာ ယနေ့တိုင်မပျက်မစီးဘဲမူလအတိုင်း တည်ရှိနေဆဲဖြစ်သည်ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌သစ်တောသယံဇာတအကြွယ်ဝဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့်အ ပြင် ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရန် သဘာဝကိုအခြေခံသည့် ဖြေရှင်းခြင်းနည်းလမ်းများကိုအကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်းများစွာ ပံ့ပိုးကူညီလျက်ရှိသည်ဟု ပြောသည်။

ထို့အတူ သစ်တောကာကွယ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲကာကွယ်ထိန်းသိမ်းခြင်းနှင့် ဂေဟစနစ်ပြန်လည်ထူထောင်ခြင်းအစီအစဥ်များကိုလည်း မြန်မာနိုင်ငံ၌ အမျိုးသားအဆင့်ဦးစားပေးလုပ်ငန်းများအဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ရှီးဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအမြဲတမ်းကော်မတီဝင်နှင့် ပြည်သူ့အစိုးရ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Ren Wei က ဦးဆောင်ကျင်းပခဲ့ပြီး၊ ရှီးဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီအတွင်းရေးမှူး Wang Junzheng နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ Wang Guangqian တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည် ဆိပ်ကမ်းတည်ဆောက်ပေးရန် လွှတ်တော်တွင် မေးမြန်း

ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်မှာ လတ်တလော အစီအစဉ်မရှိသေးကြောင်းနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက ပူးပေါင်းဆောင်ရွက်ပေးမည်ဟု ဆို နေပြည်တော်၊ ဇူလိုင်-၁၇ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု အရေးတကြီးလိုအပ်နေသောကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို လွှတ်တော် အစည်းဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ထွန်းက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ အစည်းဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် စက်သုံးဆီများကို ရေယာဉ်များဖြင့်သယ်ယူကြပြီး စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည့် စနစ်ကျသောဆိပ်ကမ်း၊ တစ်နည်းအားဖြင့် ဆီချဆိပ်ကမ်း...

အင်္ဂလန်နှင့်ပွဲအပြီးတွင် အာဂျင်တီးနားကစားသမားများက ဖောက်ကလန်အလံကို ဝှေ့ယမ်းခဲ့

ဗုဒ္ဓဟူးနေ့က အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အာဂျင်တီးနားကစားသမားများက “Las Malvinnas Son Argentinas” (ဖောက်ကလန်သည် အာဂျင်တီးနားအပိုင်ဖြစ်သည်) ဟု ဖော်ပြထားသော နိုင်ငံရေးဆန်သည့် ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ခဲ့သောကြောင့် ဖီဖာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ဖွယ်ရှိနေသည်။        ဖီဖာ၏ အားကစားကွင်း အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် အားကစားကွင်းများအတွင်း နိုင်ငံရေး၊ စော်ကားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုမြောက်သော ဆိုင်းဘုတ်များ၊ အလံများ၊ လက်ကမ်းစာစောင်များ၊ အဝတ်အစားများနှင့် အခြားပစ္စည်းများကို တားမြစ်ထားသည်။       ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဖီဖာက...

သပိတ်ကျင်းမြို့ အနီးကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့

သပိတ်ကျင်း၊ ဇူလိုင်-၁၇ ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၅၆) မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071