Thursday, July 16, 2026

မြို့ပြနှင့် ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့်...

မြို့ပြနှင့် ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အလေးထားဆောင်ရွက်နေသည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့်...

CI စခန်းများမှ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများလုပ်...

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ထုတ်ပေးရေးစခန်း(CI စခန်း)များမှ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများ၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအ မတ်ကြီးဦးဇော်ဇော်စိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်ကြီးက CI ထုတ်ပေးရေးစခန်းများ၏...

စံနှုန်းမမီသည့် ပုဂ္ဂလိကကျောင်းများ ယခုနှစ်အတွင်း အပြီးပြင်ဆင်ရန်...

နိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကကျောင်းများအနက် သတ်မှတ်ထားသော ကျောင်းအင်္ဂါရပ်နှင့် စံနှုန်းများနှင့် ကိုက်ညီမှုမရှိသေးသည့် ကျောင်းအချို့အား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားပြီး၊...

ဖလမ်းမြို့ တွင် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး...

ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅...
HomeMoviesWAICO အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့်...

WAICO အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင်

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WAICO)အဖွဲ့ဝင်ဖြစ်ပါက နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့၌ ကမ္ဘာ့နိုင်ငံများနည်းတူအခွင့်အလမ်းများရယူနိုင်သည့် အကျိုးကျေးဇူးကောင်းများရရှိနိုင်မည်ဟု ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းဇေယျာလှိုင်က ရှင်းလင်းပြောဆိုသည်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော WAICO ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုဦးစားပေး စံနှုန်းများအဖြစ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရလဒ်ကောင်းများရရှိနိုင်မည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။

ထို့ပြင် AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးများကို နိုင်ငံတကာနှင့် တန်းတူမျှဝေခံစားနိုင်ခြင်း၊ နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့တွင် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူပူးပေါင်းပါဝင်ခြင်းဖြင့် အခွင့်အလမ်းများရယူနိုင်ခြင်းအကျိုးကျေးဇူးကောင်းများလည်းရရှိနိုင်မည်ဟု ရှင်းလင်းပြောဆိုသည်။

ထို့အတူ WAICO အဖွဲ့သည် AI စွမ်းရည်တည်ဆောက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ AI ဖွံ့ဖြိုးရေး မဟာဗျူဟာများတိုးတက်ရေးတို့ကို လုပ်ဆောင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ AI နည်းပညာဖွံ့ ဖြိုးရေးအပေါ် များစွာအထောက်အကူဖြစ်စေ၍ ယင်း အဖွဲ့တွင်ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည်ဟု လွှတ် တော်သို့ရှင်းလင်းပြောဆိုခဲ့သည်။

ထိုသို့ ရှင်းလင်းတင်ပြမှုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည် ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ကကြေညာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြို့ပြနှင့် ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အလေးထားဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ပြော

မြို့ပြနှင့် ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အလေးထားဆောင်ရွက်နေသည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် သူနာပြုသိပ္ပံ(နေပြည် တော်)အပါအဝင် တိုင်း၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုတည်ဆောက်ရာမှာ နိုင်ငံသားအားလုံးပညာရည်မြင့်မားပြီး ကျန်းမာကြံ့ ခိုင်ကြဖို့က ပဓာနကျပါတယ်။ ဒါ့ကြောင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးအဆင့်မြှင့်တင်မှုလုပ်ငန်းတွေကို မူဝါဒတွေချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်"ဟု နိုင်ံတော်သမ္မတက ပြော သည်။ ထိုသို့ ဆောင်ရွက်ရာ၌ ပြည်သူလူထုကိုတိုက်ရိုက်အ ကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်ရန်၊ မြို့ပြနှင့် ကျေးလက်ပါမကျန်...

CI စခန်းများမှ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများလုပ် ငန်းဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာဖြင့်ပညာရှင်ဆန်စွာ တာဝန်ခံမှုနှင့်အတူလုပ်ကိုင်ရန် မြန်မာသံအမတ်ကြီးပြော

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ထုတ်ပေးရေးစခန်း(CI စခန်း)များမှ စခန်းတာဝန်ခံများနှင့် ဝန်ထမ်းများ၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအ မတ်ကြီးဦးဇော်ဇော်စိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်ကြီးက CI ထုတ်ပေးရေးစခန်းများ၏ ဝန်ဆောင်ခကောက်ခံမှုဆိုင်ရာ ထိုင်းမီဒီယာသတင်းဌာ နတစ်ခု၏ ဖော်ပြချက်နှင့်ပတ်သက်၍ CI ထုတ်ပေးရေးစခန်းတာဝန်ခံများ၊ ဝန်ထမ်းများနှင့် ဇူလိုင် ၁၅ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး၊ လုံခြုံရေးအမြင်များထားရှိရေး၊ မြန်မာနိုင်ငံသားများအကျိုးငှာ CI ထုတ်ပေးရေးလုပ်ငန်းများအောင်မြင်စေရန် သက်ဆိုင်ရာဒေသခံတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လုပ်ငန်းစဉ်အဆင့်များချမှတ်ဆောင် ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဥပဒေကိုလေးစားလိုက်နာသကဲ့သို့ ထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီလုပ်ငန်းများကို ဂရုပြုဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာတာဝန်ခံများအ နေဖြင့် CI လုပ်ငန်းအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်...

စံနှုန်းမမီသည့် ပုဂ္ဂလိကကျောင်းများ ယခုနှစ်အတွင်း အပြီးပြင်ဆင်ရန် ညွှန်ကြား၊ဆရာ/ဆရာမများ Green Card ရရှိရေး Diploma သင်တန်း ကိုးလ တက်ရောက်ရမည်

နိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကကျောင်းများအနက် သတ်မှတ်ထားသော ကျောင်းအင်္ဂါရပ်နှင့် စံနှုန်းများနှင့် ကိုက်ညီမှုမရှိသေးသည့် ကျောင်းအချို့အား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားပြီး၊ လာမည့်ပညာသင်နှစ်တွင် အဆိုပါပြင်ဆင်မှုများ ပြီးစီးနေရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ဇူလိုင်လ ၁၃ ရက်က ပြုလုပ်သည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စုဝန်ကြီးက ကျောင်းများဖွင့်လှစ်ရာတွင် သတ်မှတ်ထားသော စာသင်ခန်းအရေအတွက်၊ ကျောင်းဧရိယာ အကျယ်အဝန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071