နိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကကျောင်းများအနက် သတ်မှတ်ထားသော ကျောင်းအင်္ဂါရပ်နှင့် စံနှုန်းများနှင့် ကိုက်ညီမှုမရှိသေးသည့် ကျောင်းအချို့အား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားပြီး၊ လာမည့်ပညာသင်နှစ်တွင် အဆိုပါပြင်ဆင်မှုများ ပြီးစီးနေရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ဇူလိုင်လ ၁၃ ရက်က ပြုလုပ်သည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကျောင်းများဖွင့်လှစ်ရာတွင် သတ်မှတ်ထားသော စာသင်ခန်းအရေအတွက်၊ ကျောင်းဧရိယာ အကျယ်အဝန်း စံနှုန်းများနှင့် ကိုက်ညီရန် အထူးလိုအပ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။
ထို့ပြင် ပုဂ္ဂလိကကျောင်းများရှိ ဆရာ၊ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ရန်အတွက် လာမည့်နှစ်မှစတင်၍ ပုဂ္ဂလိကသင် ဆရာ၊ ဆရာမများသည် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် ပညာရေးဒီပလိုမာ (Diploma in Education) သင်တန်းကို ကိုးလအပြည့် တက်ရောက်သင်ကြားရမည် ဖြစ်သည်။
အဆိုပါသင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးမြောက်သူများကိုသာ ပုဂ္ဂလိကကျောင်းများတွင် သင်ကြားခွင့်ပြုမည့် Green Card (သင်ကြားခွင့်ကတ်) လျှောက်ထားခွင့် ပြုသွားမည်ဖြစ်သည်။
ယင်းအပြင် ကျောင်းအပ်နှံမှုစာရင်း နှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြို့နယ်ပညာရေးမှူးရုံးများသို့ အချိန်မှန်၊ အချက်အလက်မှန် တင်ပြရမည်ဖြစ်ပြီး
ကျောင်းသို့ အမှန်တကယ် လာရောက်တက်ရောက်ခြင်းမရှိဘဲ ကျောင်းသားဦးရေစာရင်း တိုးပြထားသည့် ပုဂ္ဂလိကကျောင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
