Home News Local News ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို မွေးနေ့ပူဇော်ပွဲ ဇူလိုင် (၂၆) ရက်တွင် ကျင်းပမည်

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို မွေးနေ့ပူဇော်ပွဲ ဇူလိုင် (၂၆) ရက်တွင် ကျင်းပမည်

0
100

ရန်ကုန်၊ ဇူလိုင်-၁၅

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင် ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် (၉၉) နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သက်တော် (၁၀၀) ပြည့်မြောက်ရန် နီးကပ်လာပြီဖြစ်သည်။

ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိနှင့် ပညာဂုဏ်တော်များကို ပူဇော်ဂုဏ်ပြုသည့်အနေဖြင့် ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့က ဦးဆောင်ကာ အဆိုပါ မွေးနေ့ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။

အစီအစဉ်အရ ဇူလိုင်လ (၂၆) ရက် နံနက် (၁၀) နာရီခွဲတွင် သံဃာတော် အပါး (၂၀၀) အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ဓမ္မမိတ်ဆွေ သူတော်စင်များကိုလည်း နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ (၁) နာရီတွင် သံဃာတော် အပါး (၂၀၀) အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

photo:Chanmyay meditaion centre yangon

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here