ဝါ မျိုးစေ့ထုတ်ရောင်းချသူများနှင့် ဝါ စိုက်တောင်သူများအနေဖြင့် စပ်မျိုးဝါ F2 မျိုးစေ့များအား ဖြန့်ဖြူးရောင်းချခြင်း၊ အသုံးပြုစိုက်ပျိုးခြင်းမပြုကြရန် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတိပေးခဲ့ကြောင်း သိရသည်။
အထွက်နှုန်းကောင်းပြီး အရည်အသွေးမီသည့် နိုင်ငံ ခြားစပ်မျိုး ဝါ စိုက်ပျိုးတောင်သူများအတွက် စပ်မျိုး ဝါ မျိုးစေ့များရောင်းချရာတွင် စပ်မျိုး F1 အဆင့် မျိုး စေ့ကိုသာဖြန့်ဖြူးရောင်းချရမည်ဟု အသိပေးခဲ့ကြောင်း သိရသည်။
ယင်း စပ်မျိုး F1 ကိုစိုက်ပျိုးရရှိလာသော F2 အဆင့် မျိုးစေ့များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန်ညွှန်ကြားထားပြီး စပ်မျိုးဝါ F2 မျိုးစေ့များကို တောင်သူများက အသုံးပြုထပ်မံစိုက်ပျိုးခြင်းမပြုရန်လည်း ဝါစိုက်တောင်သူများကိုအသိပညာပေးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် စပ်မျိုးဝါ F2 မျိုးများကိုအသုံးပြုစိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှုမရှိသဖြင့် မျိုးစေ့ဥပဒေ(၂၀၁၅) တွင် မှတ်ပုံတင်ထားခြင်းမရှိသော မျိုးစေ့များရောင်း ချခြင်းမပြုရန်လည်း သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရသည်။
