Monday, July 13, 2026

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိုဘိုင်းစခန်းအသစ် ၂၇...

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူများ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုတွင်  မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့်...

ဘားအံ၊ ဘီးလင်းနှင့် မဒေါက်မြို့တို့တွင် မြစ်ရေစိုးရိမ်မှတ်ထက်...

ဘားအံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မဒေါက်မြို့တို့တွင် မြစ်ရေများ စိုးရိမ်မှတ်သို့ ရောက်ရှိခြင်းနှင့် စိုးရိမ်မှတ်ထက် ကျော်လွန်ခြင်းများ ဖြစ်ပေါ်နေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများ အထူးသတိပြု...

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်...

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင်...

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်၊ စင်ကာပူနိုင်ငံတို့၏...

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ရောက်ရှိနေသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ဇူလိုင် ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ကိုသီးခြားစီတွေ့ ဆုံခဲ့သည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလေဟွိုင်ချုံးနှင့် ညနေ...
HomeNewsLocal Newsလူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး ဒုတိယသမ္မတ...

လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တိုက်တွန်း

ပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ကို ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားသည်။

နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ဒုတိယသမ္မတက လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ပြည်သူများ၏ လူမှုဘဝလုံခြုံမှုရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့်ကဏ္ဍဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် လူတစ်ဦးချင်းနှင့် အိမ်ထောင်စုများကို စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ အခြေခံဝန်ဆောင်မှုများနှင့် စီးပွားရေးအခွင့်အလမ်းများ ရရှိစေရေး မြှင့်တင်ပေးခြင်းနှင့် အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို စနစ်တကျ ဖြေရှင်းပေးခြင်းတို့အတွက် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ထောက်ပံ့ရေးအစီအစဉ်များ၊ မသန်စွမ်းသူများအတွက် ထောက်ပံ့မှုများ၊ ကျောင်းတွင်းအာဟာရအစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် အလုပ်အကိုင်ဖန်တီးရေးအစီအစဉ်များ၊ လူမှုရေးပင်စင်အစီအစဉ်များနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို အဓိကလုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတက လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်၍ ပိုမိုခိုင်မာသည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တစ်ရပ် တည်ဆောက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရ” ဟူသည့် ရည်မှန်းချက်ဖြင့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် 4G LTE စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်သူများ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုတွင်  မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် မိုဘိုင်းစခန်း ကိုးခုကို 4G LTE စနစ်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာ၌ မိုဘိုင်းစခန်းသစ် ဖွင့်လှစ်ခြင်းကို ယမန်နေ့က အဆိုပါမိုဘိုင်းစခန်းရှေ့၌ ကျင်းပခဲ့သည်။ သတ်မှတ်ကာလအတွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့သည့် ၎င်းမိုဘိုင်းစခန်းသစ် ဖွင့်ပွဲသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်၊ နေပြည်တော်ကောင်စီဝင်များ၊...

ဘားအံ၊ ဘီးလင်းနှင့် မဒေါက်မြို့တို့တွင် မြစ်ရေစိုးရိမ်မှတ်ထက် ကျော်လွန်နေ၍ မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုကြရန် နှိုးဆော်

ဘားအံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မဒေါက်မြို့တို့တွင် မြစ်ရေများ စိုးရိမ်မှတ်သို့ ရောက်ရှိခြင်းနှင့် စိုးရိမ်မှတ်ထက် ကျော်လွန်ခြင်းများ ဖြစ်ပေါ်နေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများ အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတိပေး နှိုးဆော်ထားသည်။ ဇူလိုင် ၁၂ ရက် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ထို့အတူ ဘီးလင်းမြစ်ရေသည်လည်း ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ထက် တစ်လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခန့်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင် မိုးဇလ ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည် ဖြစ်သည်။ ထိုသို့ ရွာသွန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရွာရန် ရာနှုန်းပြည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071