Monday, July 6, 2026

ပဲခူးတိုင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး...

ပဲခူးတိုင်းဒေသကြီးအတွင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်မှာကြားလိုက်သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ ၃ ရက်က ပြုလုပ်သည့်...

JLPT စာမေးပွဲနေ့တွင် မှတ်ပုံတင်နှင့် ပစ္စည်းကျန်ရစ်ခဲ့သူများရှိ

JLPT Test Management Centre တွင်လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေး မြန်မာနိုင်ငံ ဂျပန်ပြန်ပညာဟောင်းများအသင်း (MAJA) က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅)...

ယခုနှစ် ပထမ ၄ လအတွင်း...

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာရေးအေဂျင်စီ (IOM) ရဲ့ ကိန်းဂဏန်းအချက်အလက်အသစ်တွေအရ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ဟာ တာ့ခ်...

ရိုးရာပစ္စည်းများကြားဗျာများရသည့် ဗီယန်ကျင်းမြို့၏ သလပ်စောင်ဝ် ဈေး

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့လယ်ခေါင်သို့ ရောက်ရှိပါက မဖြစ်မနေ စျေးဝယ်သွားသင့်သည်မှာ လာအိုတို့၏ ရိုးရာဈေးကြီးဖြစ်သော "သလပ်စောင်ဝ်" ဈေးကြီးပင် ဖြစ်သည်။ ဤဈေးကြီးသည် အဆင့်မြင့်မားလှသည့် ခေတ်မီကုန်တိုက်ကြီးတွင်...
HomeNewsLocal Newsမုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင်...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။

ယနေ့ ဇူလိုင် ၆ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ် (၇/၂၀၂၆)ဖြင့် အသိပေးထားခြင်းဖြစ်သည်။

သတိပေးချက်အရ နေပြည်တော်၊ ရန် ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ အချို့ဒေသများ၌ နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်နှင့် မြေပြင်လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေအထိ မြင့်တက်နိုင်ကြောင်း သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေ ကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။

အလားတူ ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို ကြိုတင်စောင့်ကြည့်ကာ လိုအပ်သည့်သတိပြုမှုများ ဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးချုပ် လမ်းညွှန်

ပဲခူးတိုင်းဒေသကြီးအတွင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်မှာကြားလိုက်သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ ၃ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန် လိုအပ်သလို၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးနိုင်သည့် စိုက်ပျိုးသီးနှံများအတွက်လည်း အချိန်မီ ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့အပြင် ဒေသအလိုက် စားရေရိက္ခာ ဖူလုံစေရန်အတွက် စိုက်ပျိုးရေရရှိရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ အစည်းအဝေးတွင်...

JLPT စာမေးပွဲနေ့တွင် မှတ်ပုံတင်နှင့် ပစ္စည်းကျန်ရစ်ခဲ့သူများရှိ

JLPT Test Management Centre တွင်လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေး မြန်မာနိုင်ငံ ဂျပန်ပြန်ပညာဟောင်းများအသင်း (MAJA) က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပခဲ့သည့် JLPT စာမေးပွဲနေ့၌ ကောက်ခံရရှိထားသော မှတ်ပုံတင်များကို ကာယကံရှင်များအနေဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ JLPT Test Management Centre တွင် လာရောက်ထုတ်ယူနိုင်ကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ မေ့ကျန်ရစ်ခဲ့သည့် မှတ်ပုံတင်များကို BSG-2 စာဖြေဌာနအတွင်းမှ တစ်ခု၊ YUOE-1 စာဖြေဌာန ကျောင်းအပြင်ဘက်မှ တစ်ခု၊ BKMY-1...

ယခုနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာဟုဆို

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာရေးအေဂျင်စီ (IOM) ရဲ့ ကိန်းဂဏန်းအချက်အလက်အသစ်တွေအရ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ဟာ တာ့ခ် (မဲဆောက်)၊ ရနောင်း၊ ကန်ချနဘူရီနဲ့ ချင်းရိုင် စတဲ့ အဓိက နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ IOM က မေးမြန်းခဲ့တဲ့ ဝင်ရောက်လာသူ ၃,၅၀၀ ကျော်ထဲမှာ ၄၁% က တရားဝင် စာရွက်စာတမ်း အထောက်အထား မရှိကြပါဘူး။ သူတို့လာရတဲ့ အကြောင်းရင်းတွေကတော့ ကုန်သွယ်ရေးနဲ့ အလည်လာတာကနေ အလုပ်ရှာဖို့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071