Monday, July 6, 2026

ယခုနှစ် ပထမ ၄ လအတွင်း...

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာရေးအေဂျင်စီ (IOM) ရဲ့ ကိန်းဂဏန်းအချက်အလက်အသစ်တွေအရ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ဟာ တာ့ခ်...

Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင်...

ယနေ့ ဇူလိုင် ၅ ရက်တွင် MFF Futsal Stadium ၌ ကျင်းပသည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင်...

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင်...

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်...
HomeNewsLocal Newsရိုးရာပစ္စည်းများကြားဗျာများရသည့် ဗီယန်ကျင်းမြို့၏ သလပ်စောင်ဝ်...

ရိုးရာပစ္စည်းများကြားဗျာများရသည့် ဗီယန်ကျင်းမြို့၏ သလပ်စောင်ဝ် ဈေး

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့လယ်ခေါင်သို့ ရောက်ရှိပါက မဖြစ်မနေ စျေးဝယ်သွားသင့်သည်မှာ လာအိုတို့၏ ရိုးရာဈေးကြီးဖြစ်သော “သလပ်စောင်ဝ်” ဈေးကြီးပင် ဖြစ်သည်။ ဤဈေးကြီးသည် အဆင့်မြင့်မားလှသည့် ခေတ်မီကုန်တိုက်ကြီးတွင် ရှေးဟောင်းရိုးရာဈေးတန်းတို့ ဒွန်တွဲတည်ရှိနေပြီး၊ အထူးသဖြင့် လာအိုတို့၏ လက်မှုအနုပညာနှင့် ယဉ်ကျေးမှုအရောင်အသွေးများကို တစ်နေရာတည်းတွင် အစုံလင်ဆုံး မြင်တွေ့နိုင်သည့် နေရာတစ်ခု ဖြစ်သည်။

ဈေးအတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် အလှပဆုံး ဆွဲဆောင်နေသည်မှာ ရောင်စုံလင်းလက်နေသည့် လာအိုရိုးရာ လက်ရက်ကန်းထည် (လုံချည်/စကတ်) များ ခင်းကျင်းပြသထားသည့် မြင်ကွင်းပင် ဖြစ်သည်။ ဒေသခံအမျိုးသမီးများသာမက ကမ္ဘာလှည့်ခရီးသွားများပါ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနေကြသဖြင့် အလွန်စည်ကားလှသည်။ စျေးကတော့ သုံးပုံတယောက် လျော့ရအောင် ဆစ်သင့်သည်။

အထည်အလိပ်ဆိုင်တန်းများကို လွန်မြောက်လျှင် လာအိုတို့၏ ထူးခြားလှသော လက်မှုဒီဇိုင်းများဖြစ်သည့် ငွေထည်ပစ္စည်းများ၊ ကြေးထည်များနှင့် ရှေးဟောင်းအနုပညာလက်ရာ စုဆောင်းမှုဆိုင်များကို တွေ့မြင်ရမည် ဖြစ်သည်။

လက်ရာမြောက်လှသော ရိုးရာငွေဆွဲကြိုးများ၊ လက်ကောက်များ၊ ဗုဒ္ဓဆင်းတုတော်ငယ်များနှင့် သစ်သားပန်းပုရုပ်တုကလေးများသည် လာအိုလူမျိုးတို့၏ သိမ်မွေ့လှသော အနုပညာအဆင့်အတန်းကို ဖော်ပြနေကြသည်။ရွှေထည် ရောင်းသော အထပ်လည်းရှိသည်။ မြန်မာ့ရွှေထက် ပို၍ ဆနွင်းရောင် ဆန်သည့်ဖက်ကိုတွေ့ရသည်။ အပေါ်ဆုံးထပ်တွင် ချုပ်ပြီးသားအင်ကျီများမှာ စျေးတော်လှသည်။ ဘန်ကောက် ပလက်တီနာမ် စင်တာမျက်နှာချင်းဆိုင်ရှိ ဆိုက်ဒ်ကြီးများရသည့် လက်ကား စျေးစင်တာနှင့် စျေးမကွာပေ။ ဒီဇိုင်းများက လာအိုသူတို့ဝတ်လေ့ရှိသည့် ရင်စေ့ လက်စက များပိုများသည်။

ထို့ပြင် ဝါး၊ ကြိမ် နှင့် ရိုးရာသဘာဝပစ္စည်းများဖြင့် ရက်လုပ်ထားသည့် လာအိုတို့၏ အမှတ်အသားဖြစ်သော ကောက်ညှင်းထမင်းထည့်သည့် ဝါးခြင်းတောင်းကလေးများ၊ ပိုက်ဆံအိတ်များမှာ ရှုချင်စဖွယ် ကဗျာဆန်လှသည်။ ဈေးသည်များနှင့် ဝယ်ယူသူများအကြား ပြုံးရွှင်စွာဖြင့် လာအိုဘာသာစကားဖြင့် ဈေးနှုန်းအပြန်အလှန် ဆွေးနွေးနေကြသည့် အသံများ၊ ဒေသခံတို့၏ ရိုးသားပျူငှာသော မျက်နှာရိပ်မျက်နှာကဲများသည် ဤဈေးကြီးကို ပိုမိုသက်ဝင်လှုပ်ရှားစေသည့် အသက်သွေးကြောများပင် ဖြစ်သည်။ ထိုင်းဘတ်နှင့်လည်းဝယ်၍ရသည်။ စျေးမြေညီထပ်တွင် ငွေလဲ ပေးသည့် ဘဏ်ရှိသဖြင့် ဒေါ်လာမှ လာအိုငွေ ကစ်ပ်သို့ လဲလှယ်နိုင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာဟုဆို

ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာရေးအေဂျင်စီ (IOM) ရဲ့ ကိန်းဂဏန်းအချက်အလက်အသစ်တွေအရ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ဟာ တာ့ခ် (မဲဆောက်)၊ ရနောင်း၊ ကန်ချနဘူရီနဲ့ ချင်းရိုင် စတဲ့ အဓိက နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ IOM က မေးမြန်းခဲ့တဲ့ ဝင်ရောက်လာသူ ၃,၅၀၀ ကျော်ထဲမှာ ၄၁% က တရားဝင် စာရွက်စာတမ်း အထောက်အထား မရှိကြပါဘူး။ သူတို့လာရတဲ့ အကြောင်းရင်းတွေကတော့ ကုန်သွယ်ရေးနဲ့ အလည်လာတာကနေ အလုပ်ရှာဖို့အထိ...

Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ

ယနေ့ ဇူလိုင် ၅ ရက်တွင် MFF Futsal Stadium ၌ ကျင်းပသည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင် ပွဲ ဗိုလ်လုပွဲ၌ Music FC အသင်းက Frie nds FC အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေး ငွေကျပ် ၁၀၂ သိန်း ၇ သောင်းနှင့် Hey Play...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။ ယနေ့ ဇူလိုင် ၆ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ် (၇/၂၀၂၆)ဖြင့် အသိပေးထားခြင်းဖြစ်သည်။ သတိပေးချက်အရ နေပြည်တော်၊ ရန် ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071