Monday, July 6, 2026

ရိုးရာပစ္စည်းများကြားဗျာများရသည့် ဗီယန်ကျင်းမြို့၏ သလပ်စောင်ဝ် ဈေး

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့လယ်ခေါင်သို့ ရောက်ရှိပါက မဖြစ်မနေ စျေးဝယ်သွားသင့်သည်မှာ လာအိုတို့၏ ရိုးရာဈေးကြီးဖြစ်သော "သလပ်စောင်ဝ်" ဈေးကြီးပင် ဖြစ်သည်။ ဤဈေးကြီးသည် အဆင့်မြင့်မားလှသည့် ခေတ်မီကုန်တိုက်ကြီးတွင်...

Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင်...

ယနေ့ ဇူလိုင် ၅ ရက်တွင် MFF Futsal Stadium ၌ ကျင်းပသည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင်...

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင်...

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်...
HomeMoviesမြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ် ၂၇၉၀...

မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ် ၂၇၉၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေလေ့လာရေး ပူးတွဲသဘောတူစာချုပ် လက်မှတ်ရေးထိုး

လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်နိုင်ရေးအတွက် မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်တစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ် (Joint Study Agreement) ကို ဇူလိုင် ၄ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Crowne Plaza Hotel ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

အခမ်းအနားတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Manothong Vongsay က အဆိုပါစီမံကိန်းသည် မြန်မာ-လာအို ချစ်ကြည်ရေး၏ အရေးပါသောပြယုဂ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံအစိုးရများ၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံနယ်စပ်ဒေသသာမက မဟာမဲခေါင်မြစ်ဝှမ်းဒေသတစ်ခုလုံးအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်ဆိုင်ရာ သက်ရောက်မှုဆန်းစစ်မှုများကို အမြန်ဆုံးပြီးစီးစေရေးအတွက် လာအိုအစိုးရဘက်မှ အပြည့်အဝ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ကလည်း စီမံကိန်းပြီးစီးပါက ဒေသတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် အာဆီယံဒေသ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မဲခေါင်မြစ်သည် နှစ်နိုင်ငံနယ်စပ်မြစ်ဖြစ်သည့်အတွက် စီမံကိန်းအကောင်အထည်ဖော်ရာတွင် မြန်မာနှင့် လာအို နှစ်နိုင်ငံ၏ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဒေသထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံဒုတိယဝန်ကြီးများ၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံဘက်မှ Primus Sapphire Power Co., Ltd. နှင့် လာအိုနိုင်ငံဘက်မှ Phongsupthavy Group Sole Co., Ltd. တို့က မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် ခန့်မှန်းတပ်ဆင်အင်အား ၂၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စီမံကိန်းဖြစ်ပြီး ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုလုပ်ငန်းများကို ၃၄ လအတွင်း ပြီးစီးစေရန် မြန်မာနှင့် လာအိုကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရိုးရာပစ္စည်းများကြားဗျာများရသည့် ဗီယန်ကျင်းမြို့၏ သလပ်စောင်ဝ် ဈေး

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့လယ်ခေါင်သို့ ရောက်ရှိပါက မဖြစ်မနေ စျေးဝယ်သွားသင့်သည်မှာ လာအိုတို့၏ ရိုးရာဈေးကြီးဖြစ်သော "သလပ်စောင်ဝ်" ဈေးကြီးပင် ဖြစ်သည်။ ဤဈေးကြီးသည် အဆင့်မြင့်မားလှသည့် ခေတ်မီကုန်တိုက်ကြီးတွင် ရှေးဟောင်းရိုးရာဈေးတန်းတို့ ဒွန်တွဲတည်ရှိနေပြီး၊ အထူးသဖြင့် လာအိုတို့၏ လက်မှုအနုပညာနှင့် ယဉ်ကျေးမှုအရောင်အသွေးများကို တစ်နေရာတည်းတွင် အစုံလင်ဆုံး မြင်တွေ့နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ ဈေးအတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် အလှပဆုံး ဆွဲဆောင်နေသည်မှာ ရောင်စုံလင်းလက်နေသည့် လာအိုရိုးရာ လက်ရက်ကန်းထည် (လုံချည်/စကတ်) များ ခင်းကျင်းပြသထားသည့် မြင်ကွင်းပင် ဖြစ်သည်။ ဒေသခံအမျိုးသမီးများသာမက ကမ္ဘာလှည့်ခရီးသွားများပါ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနေကြသဖြင့် အလွန်စည်ကားလှသည်။...

Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ

ယနေ့ ဇူလိုင် ၅ ရက်တွင် MFF Futsal Stadium ၌ ကျင်းပသည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင် ပွဲ ဗိုလ်လုပွဲ၌ Music FC အသင်းက Frie nds FC အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေး ငွေကျပ် ၁၀၂ သိန်း ၇ သောင်းနှင့် Hey Play...

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်

မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေရှိ ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင် ၁၄ ရက်အထိ မိုးကြီးနိုင်ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။ ယနေ့ ဇူလိုင် ၆ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ် (၇/၂၀၂၆)ဖြင့် အသိပေးထားခြင်းဖြစ်သည်။ သတိပေးချက်အရ နေပြည်တော်၊ ရန် ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071